မင်္ဂလာပါ, visitor! [ Register | LoginRSS  |  Twitter

Terms of Service

၁. ကားကြော်ငြာများသည် MyanmarCarsDB ဆိုဒ်ပေါ်တွင် တင်သည့်ရက်မှ ရက်ပေါင်း ၃၀ အထိမြင်ရမည်ဖြစ်ပါသည်။

၂. ကားကြော်ငြာသူများသည် မိမိတို့ account ၏ username နှင့် password တို့ကို ကိုယ်တိုင်မှတ်ထားရပါမည်။

၃. ကားကြော်ငြာတင်သူများသည် အချက်အလက် အတိအကျနှင့် ပြည့်စုံသော ကြော်ငြာများကိုသာ ကြော်ငြာရပါမည်။ ထို့အပြင် ကားမော်ဒယ်အမည်အား အင်္ဂလိပ်လိုသာ ရေးသားပေးရပါမည်။

၎. ကားကြော်ငြာများသည် မြန်မာနိုင်ငံ အတွက်သာဖြစ်ပြီး မြန်မာနိုင်ငံနှင့် မသက်ဆိုင်သော ကားကြော်ငြာများကို MyanmarCarsDB မှလက်ခံမည်မဟုတ်ပါ။

၅. ကားကြော်ငြာတင်သူများအနေဖြင့် မူပိုင်ခွင့်နှင့် ညိစွန်းသော အချက်အလက်များနှင့် ဓါတ်ပုံများကို တင်ခွင့်မရှိပါ။ အကယ်၍ ထိုသို့သော ကားကြော်ငြာများကို တွေ့ရှိပါက MyanmarCarsDB မှဖယ်ရှားခွင့်ရှိပါသည်။

၆. ကားကြော်ငြာများတွင် မည်သည့် URL (website address) ကိုမှ ထည့်သွင်းခွင့်မရှိပါ။ အကယ်၍ တွေ့ရှိပါက MyanmarCarsDB မှဖယ်ရှားပိုင်ခွင့်ရှိပါသည်။

၇. ကားရောင်းရန် ကြော်ငြာနှင့် မပတ်သက်သော ဓါတ်ပုံများ၊ စာသားများပါရှိသော ကြော်ငြာများကို MyanmarCarsDB မှဖယ်ရှားပိုင်ခွင့်ရှိပါသည်။

၈. ကားကြော်ငြာများကို ဖယ်ရှားပေးရန် မည်သည့်တောင်းဆိုမှုများကိုမဆို အကြောင်းမခိုင်လုံပါက MyanmarCarsDB မှ ငြင်းပယ်ခွင့်ရှိသည်။

၉. MyanmarCarsDB မှထိန်းချုပ်နိုင်စွမ်းမရှိသော၊ Server failure/internet connection failure ကဲ့သို့သော ကိစ္စများအတွက် တာဝန်မယူပါ။

၁၀. နောက်ပြောင်၍ တင်ထားသော ကြော်ငြာများအဖြစ် စုံစမ်းသိရှိပါက MyanmarCarsDB အနေဖြင့် ထိုကြော်ငြာများအား ပယ်ဖျက်ခွင့်ရှိပါသည်။

၁၁. အရေးကြီးသော အချက်အလက်များ (ဥပမာ ဈေးနှုန်း) မပါရှိသော ကားကြော်ငြာများကို MyanmarCarsDB မှဖယ်ရှားနိုင်ပါသည်။

၁၂. အချို့ကြော်ငြာများအား MyanmarCarsDB မှ သင့်တော်သလို ပြင်ဆင်ခွင့်ရှိပါသည်။ ဥပမာ Brand သာပါပြီး ကားအမျိုးအစား၊ နာမည် မပါသော ကြော်ငြာများ။ (Toyota 1999) can be changed to (Toyota Mark X 2007)။

၁၃. MyanmarCarsDB တွင်ရှိသော ကားကြော်ငြာများ၏ အချက်အလက်တိကျ မှန်ကန်မှုကို ကြော်ငြာတင်သောသူများမှ တာဝန်အပြည့်ယူရမည်ဖြစ်ပြီး ကားကြော်ငြာများတွင် ပါဝင်သော အချက်အလက်များ မှားယွင်းမှုရှိပါက MyanmarCarsDB မှတာဝန်ယူမည်မဟုတ်ပါ။

၁၄. ကားကြော်ငြာတင်သူများ အနေဖြင့် အမှန်တကယ်ရောင်းချမည့် ကား၏ ဓါတ်ပုံများကိုသာ တင်ရပါမည်။ အကယ်၍ ကား၏ အချက်အလက်များ (ဥပမာ ထုတ်လုပ်သည့်ခုနှစ်၊ ကားမော်ဒယ်အမျိုးအစား) သည် ကားကြော်ငြာတွင်ပါသော ဓါတ်ပုံနှင့် တူညီခြင်းမရှိဟု တွေ့ရှိရပါက MyanmarCarsDB မှ ထိုကြော်ငြာများကို ဖယ်ရှားသွားပါမည်။

၁၅. အထက်ပါ အချက်အလက်များသည် အချိန်အခါအလိုက် အပြောင်းအလဲ ရှိနိုင်ပါသည်။

၁၆. သင်၏ အကြံပြုချက်များအား MyanmarCarsDB မှတန်ဖိုးထားပါသည်။ MyanmarCarsDB ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အကြံပြုတောင်းဆိုချက်များ ရှိပါက admin@myanmarcarsdb.com သို့ အချိန်မရွေးဆက်သွယ်နိုင်ပါသည်။