ကျွန်တော်တို့ နိုင်ငံတွင် ကားဈေးကွက်ဖွံ့ဖြိုးတိုးတက်လာသည့်အချိန်မှစ၍ ပြည်ပမှတင်သွင်းလာသည့် နောက်ဆုံးပေါ်ဇိမ်ခံကားများ ပြိုင်ကားများ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ရောက်ရှိနေပြီကို တွေ့ရှိကြပြီးဖြစ်မည်ထင်ပါသည်။ လွန်ခဲ့သောအပတ်များတွင် ထပ်မံဟိုးလေးတစ်ကျော်ဖြစ်သွားသည့် မြန်မာ့ပထမဆုံး Billionaire ကြီး ဦးတေဇ၏သား ပိုင်ဆိုင်သည့် Bugatti Veyron ကားအကြောင်းလဲ ကြားသိကြပေမည်။ ထို့ကြောင့် လမ်းပေါ်တွင်ပြိုင်ကားကောင်းကြီးများတွေ့လျှင် ဘာကားဘာအမျိုးအစားမှန်း သိရှိရလေအောင်၊ မိတ်ဆွေတို့၏အမြင်ကိုလဲ သိရှိရလေအောင် ယခုလို MyanmarCarsDB မှ luxury car များအကြောင်းရေးသားလိုက်ရပါသည်။ ဒီတစ်ပတ်တွင်တော့ ကျွန်တော်တို့ Bugatti အကြောင်းမိတ်ဆက်ပါရစေ။ အောက်တွင် Wallpaper များလဲ Download လုပ်ရန်လင့်ခ်ပေးထားပါတယ်။
