ထိုင်းကုမ္ဗဏီ မြန်မာနိုင်ငံတွင် အရောင်းပြခန်းနှင့် ပြုပြင်ရေးစင်တာ ဖွင့်မည်
ထိုင်းနိုင်ငံ အခြေစိုက် အဆင့်မြင့် ဇိမ်ခံကားများ တင်သွင်းဖြန့်ချီသည့် TSL Auto Corporation သည်မြန်မာနိုင်ငံရှိ MK ကုမ္ဗဏီအုပ်စုနှင့် ပူးပေါင်း၍ မော်တော်ယာဉ် အရောင်းပြခန်းနှင့် ပြုပြင်ရေးလုပ်ငန်းကို ယခု ဇန်နဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဟု ထိုင်းနိုင်ငံမှ သတင်းများအရ သိရှိရပါသည်။

TSL Showroom in Phuket, Thailand
ထိုအရောင်းပြခန်းနှင့် မော်တော်ယာဉ်ပြုပြင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများမှာ ၉၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ TSL ကုမ္ဗဏီမှ ထိုင်းဘတ်ငွေ ၃၅သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ MK Group of Companies မှ အစုရှယ်ရာ ၆၀ ရာခိုင်နှုန်းနှင့် TSL ကုမ္ဗဏီမှ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။ လည်းကောင်းကုမ္ဗဏီနှစ်ခုမှ ပူးပေါင်း၍ SMRT Myanmar ဟူသောအမည်ဖြင့် ပြည်တွင်းတွင် လူကြိုက်များမည့် ဥရောပနိုင်ငံထုတ် ဇိမ်ခံကားများအား တင်သွင်းရောင်းချခြင်းနှင့် ပြုပြင်ရေးစင်တာကိုလည်း ဖွင့်လှစ်မည်ဟု သိရသည်။

TSL Showroom in Phuket, Thailand
လည်းကောင်း မော်တော်ယာဉ်ပြုပြင်ရေး စင်တာသည် ထိုင်းနိုင်ငံတွင်ရှိသော ဝန်ဆောင်မှုများအတိုင်း လုပ်ဆောင်ပေးမည်ဖြစ်ပြီး ကားအင်ဂျင်ပြုပြင်ခြင်း၊ ကိုယ်ထည်ဆေးမှုတ်ခြင်း၊ ကားတာယာ၊ အပိုပစ္စည်းများနှင့် ကားအလှဆင်ခြင်း စသည်တို့ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုဝန်ဆောင်မှုများကို ထိုင်းနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားအများစု ပါဝင်သော ဝန်ထမ်း ၁၂ယောက်ခန့်ဖြင့် စတင်မည်ဖြစ်သည်။ TSL ကုမ္ဗဏီမှ ပြောကြားချက်အရ ၂နှစ်မှ ၃နှစ်အတွင်း အရင်းကျေရန် မျှော်လင့်ကြောင်းလည်း သိရပါသည်။
TSL ကုမ္ဗဏီ၏ အကျိုးတူပူးပေါင်းမှုမှာ ၃၅ရာခိုင်နှုန်း ကျော်လွန်သောကြောင့် လုပ်ငန်းအတွက် လိုအပ်သည့် စက်ပစ္စည်းများ တင်သွင်းမှုကို ၈နှစ်အထိ အခွန်ကင်းလွတ်ခွင့် ရရှိသွားမည်ဖြစ်ကြောင်းလည်း ကုမ္ဗဏီမှ ပြောကြားချက်အရ သိရှိရပါသည်။
2,540 total views, 3 today

ကားကောင်းတွေမြင်ရတာပေါ.
စောက် ရူးဒီစောက်လုပ် ဘဲရှိတယ်
အဲဒါမျိုးကိုစောက်နေတာကြာနေပြီး။
ဖြစ်သင့်တာာကြာနေပါပြီ။
90% completed , So I would like to know that service centre's ADDRESS…
မြန်မြန်ဖွင့်ပါဗျို့
မြန်မြန်ဖွင့်လေကောင်းလေပဲ၊ဥရောပကားတွေ စီးရတော့မှာပေါ့
ဈေးနှုန်းချိုသာတဲ့ ကားတွေရောပါမှာလား?