မင်္ဂလာပါ, visitor! [ Register | LoginRSS  |  Twitter

‘ပ’ အက္ခရာနောက်ပိုင်း နံပါတ်အနီကားများ အခွန်လျှော့နှုန်းထားဖြင့် ကားသစ်တင်သွင်းခွင့် ရမည်

| News | April 29, 2012

ကားဟောင်းများ အပ်နှံရာတွင် ‘ပ’ အက္ခရာနောက်ပိုင်း နံပါတ်အနီနှင့် ကားများအားလုံးကို အငှားယဉ်အဖြစ် ပြန်လည် ပြုလုပ်လိုပါက အခွန်လျှော့ပေးပြီး ပြည်ပမှ ကားသစ်များ တင်သွင်းခွင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း Eleven Media Group အရသိရှိရပါသည်။ ယခုကောက်ခံနေသည့် အခွန်နှုန်းများထဲမှ မည်သည့်အခွန်အား မည်မျှ လျှော့ချကောက်ခံမည်ကိုမူ တိတိကျကျ မသိရှိရသေးပါ။ အဆိုပါ သတ်မှတ်ချက်ထဲတွင် နံပါတ်အနီနှင့် မှတ်ပုံတင်ထားသော ကားများ အားလုံးပါဝင်မည်ဖြစ်ပြီး မီနီဘတ်စ် နှင့် Tour  ကားများပါ ပါဝင်သည်ဟု သိရပါသည်။


(Photo: Flickr)

ယခုစီစဉ်ထားသော စည်းကမ်းချက်များအရ အငှားယဉ်အဖြစ် ပြန်လည်တင်သွင်းမည့် ကားများအတွက် ၂၀၀၇ မော်ဒယ်အထက်၊ ဘယ်မောင်းဖြစ်ရန်လိုပြီး အရောင်သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အရောင်တစ်ရောင်တည်း သို့မဟုတ် ပြည်နယ်/တိုင်းဒေသကြီးအလိုက် တစ်ရောင်စီလည်း ဖြစ်နိုင်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်တင်သွင်းမည့် ကားများအား နောက်ပိုင်းတွင် အိမ်စီးကားအဖြစ် ပြန်လည်ရောင်းစားခြင်းများ မပြုလုပ်နိုင်ရန် အငှားယဉ်အဖြစ်သာ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး နံပါတ်ကိုလည်း အခြား အိမ်စီးကား နံပါတ်များနှင့် ကွဲပြားအောင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယခုလက်ရှိ အငှားကားအများစုမှာ ဟောင်းနွမ်းပျက်စီးနေကာ စီးနင်းသူများအတွက် သက်တောင့်သက်သာ စီးနင်းနိုင်မှုမရှိပဲ ဖြစ်နေသည်။ ကားတံခါးများ ပျက်စီးကာ အလွယ်တကူ ဖွင့်မရခြင်း၊ ကားထိုင်ခုံများ ပျက်စီးပေါက်ပြဲနေခြင်း၊ ကားဟူသော အင်္ဂါရပ်ဖြင့် မညီတော့သော ကားများကြောင့် ခရီးသည်များအတွက် အန္တရယ်ဖြစ်စေသည့်အပြင် လမ်းမအလယ်များတွင် မကြာခဏ ကားပျက်မှုများကြောင့် လမ်းပိတ်ဆို့မှုများလည်း အမြဲဖြစ်ပေါ်လျှက်ရှိသည်။

ယခုပြုလုပ်မည့် အစီအစဉ်ကြောင့် မြန်မာနိုင်ငံတွင် ပိုမိုသစ်လွင်ပြီး သက်တောင့်သက်သာ စီးနင်းနိုင်မည့် အငှားကားများ ပိုမိုများပြားလာနိုင်ပါစေဟု မျှော်လင့်မိပါသည်။

No Tags

3,674 total views, 2 today

Print

15 Responses to “‘ပ’ အက္ခရာနောက်ပိုင်း နံပါတ်အနီကားများ အခွန်လျှော့နှုန်းထားဖြင့် ကားသစ်တင်သွင်းခွင့် ရမည်”

  1. မေးကြည့်ပေးကြပါအုံးဗျာ,ဇုန်ထုတ်ဂျစ်ကားတွေလဲဘယ်တော့ပြန်အပ်မဲ့ထဲပါမလဲဘာလိုလဲဆိုတော့ခတ်နဲ့လျှော်ညီမူမရှိလို့ပါမောင်းသာမောင်းနေရတယ်ရင်တုန်ပန်းတုန်ပဲ

  2. ဟုတ်ပါ့ဗျာ။ စဉ်းစားပေးသင့်ပါတယ်။

  3. ဒါဆိုမီနီ..ချယ်ရီတွေဈေးကျတော့မှာပေါ့

  4. တရုတ်ကား(မီနီ၊ချယ်ရီ) တွေတော့ ဂျပန်ကားနဲ့ ယှဉ်နိုင်မယ်မထင်ဘူး.. အရည်အသွေးကော ကြံခိုင်မှု ကော အများကြီးကွာတယ်လေ..

    • သြခုမှသိ၇လား မမမိုးပပ၇ဲ.

    • since high ratio of Melamine in Chinese Milk Powder,we all should know what kind of mind-setting Chinese Manufacturers have on Myanmar Consumers/Customers. Let us boycott Chinese Products. Do u think the quality China sold to USA and EU is same quality as they sold to Myanmar.? That's what we called China.

  5. သုံးဘီးကားလေးတွေရော့ ပြန်မလဲပေးတော့ဘူးလားဗျာ…..

    • စဉ်းစားနေပါတယ်။ ယိုးဒ၇ားက တုတ်တုတ်နဲ.လဲပေးဘို.တံတားတွေဆောက်ုပြီး၇င်။ ထောလာကြည်တော.မသေချာသေးဘူး။

  6. နံပါတ်အနီ တွေကတော့ဟုတ်ပါပြီ ပ နောက်ပိုင်း အက္ခရာကားတွေကရော အပ်ဖို့ အစီအစဉ်ရှိသေးလား မသိဘူး…

    • မုကြာမှီလာမည်မျော်။ ပွဲစားတန်းအသစ်ေ၇ာက်၇င်။ ခု၇ပ်စ၇ာနေ၇ာမ၇ိသေးလို.ပွဲစားတန်းမှာ။ေ၇ာင်းချင်တဲ.လူတွေကြီးဘဲ။

  7. ကားဆိုရင်ဘာကားမှစိတ်မဝင်စားကြပါနဲ့..သားသားတို့ကားအစုတ်လေးလွန်ခဲ့တဲ့သုံးလကဝယ်ထားတာ..အခုသိန်၂၀ရှုံးသွားပြီ…နောက်ထပ်စ စလုံး ၂နှစ်လောက်ကျွန်ခံရအုင်္းမယ်…အရမ်းချမ်းသာတဲ့သူတွေဆိုရင်တော့ဝယ်ကြပေါ့..ကားဆိုသလေက်ကားတယ်..ဟိဟိ….

နောက်ဆုံး သတင်းများ

  • SAF 2010

    ပြည်တွင်းထုတ် ဆူဇူကီးပစ်ကပ်ကားများ ဇွန်လ...

    by on 20 hours ago - 2 Comments

    ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်ထားသည့် ဆူဇူကီးပစ်ကပ်ကားများကိုဇွန်လတွင် စတင်ရောင်းချရန် စီစဉ် ထားကြောင်း Myanmar Suzuki Motor Co,ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးကေ...

  • totaled_cars

    ကုမ္ပဏီငါးခု မော်တော်ယာဉ်တင်သွင်းခွင့် တစ...

    by on 21 hours ago - 14 Comments

    ကျွန်တော်များ MyanmarCarsDB မှ ယခင်တစ်ပါတ်မှဖော်ပြထားခဲ့သည့် ပျက်စီးဂျပန်ကားများ တင်သွင်းဟုဆိုသည့် သတင်းနှင့်ပါတ်သက်၍ ထပ်မံရရှိသောသတင်းကို တင်ပြလိုက်ရပါသည်။ ...

  • News This Week

    တစ်ပါတ်အတွင်း ကားလောကသတင်း

    by on May 9, 2013 - 2 Comments

    ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။ သတင်းထူးများမှာတော့: CNG ယာဉ်များသက်တမ်းတိုးရန် အဆင်ဖြေလျှော့ခြင်း Taxi တွေအတွက် အထူးနှု...

  • Totaled cars are imported from Japan

    ပျက်စီးဂျပန်ကားများ တင်သွင်းဟုဆို

    by on May 8, 2013 - 5 Comments

    ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ပျက်စီးနေသည့် ယာဉ်များကိုပြုပြင်ပြီး ပြန်လည်ရောင်းချရန် ပြည်တွင်းယာဉ်ရောင်းချရေး ကုမ္ပဏီ သုံးခုက တင်သွင်းလာကြောင်း မော်တော်ယ...

  • 7102431131_02f1c368e3

    မြန်‌မာနိုင်‌ငံသို့ Ford လာပြီ

    by on May 1, 2013 - 8 Comments

    US ကားထုတ်‌လုပ်‌ရေး ကုမ္ပဏီ Ford သည်‌ မြန်‌မာနိုင်‌ငံသို့ ဝင်‌‌ရောက်‌‌တော့မည်‌ဖြစ်‌‌ကြောင်း ‌ကြေငြာလိုက်‌ပါသည်‌။ Ford သည် ၁၉၀၃ မှ စတင်ကာ အမေရိကန်နိုင်ငံတွင် မော...