ယာဉ်အန္တရာယ်ရှိသဖြင့် Toyota ကုမ္ပဏီမှ US ထုတ် RAV4 ကား 760,000 ကျော်၊ Lexus HS 250h ကား 18,000 ကျော် ကို ပြန်လည်အပ်နှံရန်ခေါ်ယူခြင်း
တိုယိုတာ ကုမ္ပဏီသည် United States တွင် ရောင်းချထားသော သူ၏ RAV4 ကားပေါင်း ၇၆၀၀၀၀ ကျော်နဲ့ Lexus HS 250h Hybrid Compact Sedan ပေါင်း ၁၈၀၀၀ ကျော်ကို စက်ရုံသို့ပြန်လည်အပ်နှင်းရန် ဗုဒ္ဓဟူးနေ့တွင်ကြေငြာလိုက်သည်။ ပြဿနာမှာ အနောက် Suspension ၏ ဒေါက်တစ်ခုတွင် ဆွေးမြေ့ပျက်စီးမှုဖြစ်ကာ ပြုတ်ထွက်နိုင်သည့်ဘေးအန္တရာယ်ရှိနေခြင်းကြောင့်ဖြစ်သည်။ affect ဖြစ်သည့်ကားမော်ဒယ်များမှာ RAV4 2006 မှ 2011 မော်ဒယ်အထိဖြစ်ပြီး၊ Lexus HS250h 2010 မော်ဒယ်များဖြစ်ကြောင်းသိရှိရသည်။
တိုယိုတာကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ wheel alignment service လုပ်ဖူးသောကားများသာ ပြန်လည်တပ်ဆင်ချိန်တွင် Nut အချို့ကို သေချာမတပ်ဆင်ထားခဲ့ပါက အထက်ပါ ဆွေးမြေ့ပျက်စီးပြုတ်ထွက်သည့် အန္တရာယ်ရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ တိုယိုတာကုမ္ပဏီအနေဖြင့်လည်း သူ၏ Maintenance Guide ကိုပြန်လည် ပြင်ဆင်ပြီး အထက်ပါ ပြဿနာများမရှိအောင်မည်သို့ပြုပြင်ရမည်စသည်တို့ကိုမကြာမီအချိန်အတွင်းထုတ်ဝေသွားမည်ဟုဖြေကြားခဲ့သည်။
ယခုလို ယာဉ်ပြဿနာကို ဦးစွာတွေ့ရှိခဲ့သည့်ဌာနမှ အမေရိကန်နိုင်ငံ National Highway Traffic Safety Administration (NHTSA) ဖြစ်သည်။ ယင်းဌာနမှ June 4 မှ စ၍ အထက်ပါပြဿနာများဖြစ်သော 2006-2008 မော်ဒယ် RAV4s ၄၆၀၀၀၀ ခန့်ကို စစ်ဆေးလေ့လာခဲ့ခြင်းမှ ဤ Rear Suspension ပြဿနာကို ကောက်ချက်ချနိုင်ခဲ့ခြင်းဖြစ်သည်။ NHTSA ၏အဆိုအရ ဖြစ်နိုင်ချေအရမ်းနည်းသော်လည်း Rear Suspension ပြုတ်ထွက်ပါက ယာဉ်ကိုထိန်းချုပ်မှုကင်းမဲ့သွားနိုင်ပြီး ဘေးအန္တရာယ်များရှိနိုင်ခြင်းကြောင့် တိုယိုတာကုမ္ပဏီကို ယခုလို ကားများပြန်လည် အပ်နှံစစ်ဆေးပေးရန် စေခိုင်းလိုက်ခြင်းဖြစ်ပါသည်။
မြန်မာပြည်တွင်လည်း RAV4s များ အင်မတန်လူကြိုက်များကြောင်း ကျွန်တော်တို့သိရပါသည်။ သို့သော် ကားအများစုမှာ ဂျပန်နိုင်ငံမှသွင်းထားခြင်းဖြစ်၍ ဤသတင်းကြောင့် မိတ်ဆွေတို့ စိုးရိမ်ကြောင့်ကြဖြစ်ရန်မလိုပါ။ သို့သော် – သင်၏ RAV4 သို့မဟုတ် Lexus HS250h ကို အမေရိကန်မှ သွင်းခဲ့သည်ဆိုလျှင်တော့ စိတ်ပူရမည့်အခြေအနေတစ်ခုဖြစ်ပါသည်။
MyanmarCarsDB – Yangon – 3 Aug 2012
Reference: Reuters
2,168 total views, 3 today



တော်ပါသေးရဲ့ ဂျပန်ကသွင်းမိလို့
း-)
ဂျပန်ကနှစ်လွန် လမ်းပေါ်မသွား၇ကားကိုသွင်းထားတာပါကွာ ၊လုပ်မနေပါနဲ့
nevermine becauseof , I have not any car.
ငါလဲ RAV4 2011 ၀ယ်မလို့ ထီမပေါက်ဘူးဖြစ်နေတယ်.
ထီပေါက်၇င်တောင်ကားဝယ်မစီးဘူး၊မတန်လို့၊ နို့တွေချည်းဝယ်သောက်ပစ်မယ်၊နာကနို့အပြတ်သေးဘူး
ဒီမှာ စီးနေတဲ့ RAV 4 တွေက 99 နဲ့ 2000 တွေဘဲ များပါတယ်.
တော်သေးတယ် ဂျပန်က ၀ယ်ထားလို့။တိုယိုတာ လိုဂို။.
တော်သေးတယ် ဂျပန်က ၀ယ်ထားလို့။တိုယိုတာ လိုဂို။.
thz for the informatin..
ဘာကား ပဲပြန်ခေါ်ခေါ် မြန်မာပြည်က ကားနှင့် ၉၉% မသက်ဆိုင်ပါ၊ မြန်မာတွေ စီးနေကြသောကားသည် ဂျပန်တွင် used car များဖြစ်သည် ၊အသစ်ဟု ထင်နေကြသော ကားဟောင်းများဖြစ်သည်။။ Warranty မရှိသော De registered car များဖြစ်သည်။ သင့်တွင် Warranty မရှိပါက အကျုံးမ၀င်ပါ။ လေလံတွင် ကြည့်ပါ၊ တိုက်ထားသောကား အပျက်တွေကိုတောင် လေလံ ဆွဲနေကြသည်ကို တွေ့နိုင်ပါသည်။ ကားအသစ်ကို Warranty ဖြင့် ၀ယ်ထားပါက အကျုံးဝင်ပါလိမ့်မည်။ ထိုလူမျိုးတချို့ မြန်မာပြည် တွင်ရှိပါသည်။.
Older vehicles
As vehicles get older, maintaining them to the required standards can become expensive. Most Japanese do not get involved in mechanical repairs, and as a result, mechanics can charge high prices. Vehicles which cannot pass inspection are not permitted on public roads. Unwanted vehicles must be exported or destroyed and recycled. Many Japanese used vehicles are exported once it is no longer cost-effective to keep them in service in Japan.