Veneno Supercar – Lamborghini မှ သမိုင်းဝင် အံ့ဖွယ်ကားသစ်တစ်စီး မိတ်ဆက်
ယမန်နေ့ တင်္နလာနေ့တွင် ၈၃ကြိမ်မြောက်ကျင်းပသည့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ နိုင်ငံတကာကားပြပွဲတွင်၊ အီတာလျံဇိမ်ခံပြိုင်ကားများထုတ်လုပ်သည့် Lamborghini မှ Veneno အမည်ရှိ ပြိုင်ကားအသစ်တစ်စီးကို မိတ်ဆက်လိုက်ပါသည်။ မြင်းကောင်ရေ ၇၅၀ ရှိသည့် ယင်းပြိုင်ကား၏ရောင်းဈေးသည် ဒေါ်လာ၃.၉ သန်းခန့်ရှိမည်ဖြစ်၍ ယခင်ဈေးအကြီးဆုံးကားများဖြစ်သော Bugatti Veyron (ဒေါ်လာ၂.၄သန်း) McLaren F1 (ဒေါ်လာ ၁သန်း) တို့ထက်ပင် ဈေးမြင့်သွားပြီဖြစ်သည်။

(Photo Credits: VALENTIN FLAURAUD / BLOOMBERG VIA GETTY IMAGES)
ဤကားသည် Lamborghini ၏ နှစ်၅၀ပြည့်အထိမ်းအမှတ်အနေဖြင့်ထုတ်လုပ်သောကားဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ၃စီးသာရှိပေမည်။ အခြားLamborghini ကားများနည်းတူ Veneno ဆိုသောနာမည်သည် ရိုးရာကျွဲရိုင်းသတ်ပွဲဓလေ့မှ ဆင်းသက်လာခြင်းဖြစ်သည်။ ၁၉၀၀ ပြည့်နှစ်များတွင် နာမည်ကျော်ခဲ့သော လျှင်မြန်ဖြတ်လတ်သည့် ကျွဲတစ်ကောင်၏ အမည်ကိုယူထားခြင်းဖြစ်ပါသည်။ CEO Stephan မှလည်း “ဒီကားဟာ Lamborghini သမိုင်းမှာ အကောင်းဆုံး အမြန်ဆုံး စွမ်းအင်အမြင့်မားဆုံး ကားဖြစ်ပါသည်” ဟု ဂုဏ်ယူစွာပြောကြားခဲ့သည်။

(Photo Credits: FABRICE COFFRINI/AFP/GETTY IMAGES)
ယခုကား၏ဈေးအကြီးဆုံး အစိတ်အပိုင်းများမှာ ၎င်း၏ Carbon Fiber ကိုယ်ထည်ကြောင့်ဖြစ်သည်။ အခြေခံအားဖြင့် နာမည်ကျော် Aventador မော်ဒယ်၏ Chassis (ဒေါ်လာ ၄သိန်းခန့်တန်ဖိုးရှိ) ကို ယူသုံးထားသော်လည်း အခြားကိုယ်ထည်အစိတ်အပိုင်းများဖြစ်သည့် Splitters, Air Ducts, Rear Spoiler (တော်တော်လေးကြီးတဲ့ spoiler ပါ) စတဲ့အရာတွေအားလုံးကို အသေးစိတ်ပြန်လည်ပြုပြင်ကာ မြန်နှုန်းလည်းအမြင့်ဆုံးဖြစ်၊ လမ်းပေါ်မှာလဲ အရှိန်ဖြင့်သွားလျှင် ၀ပ်နေအောင်၊ ငြိမ်နေအောင် စသည့်အချက်များကို ရှေးရှုပြီး ထုတ်လုပ်ထားသည်ဟု ဆိုပါသည်။


(Photo Credits: VALENTIN FLAURAUD / BLOOMBERG VIA GETTY IMAGES)
အင်ဂျင်ပါဝါ ၆.၅ လီတာ ပေးနိုင်သည့် V-12 အင်ဂျင်အမျိုးအစား၊ Seven-Speed automated manual transmission နှင့် all-wheel drive စသည့် စွမ်းဆောင်ရည်များပါရှိသည့်အတွက် ၂.၈ စက္ကန့်အတွင်းမှာတင် တစ်နာရီ မိုင်၆၀ အမြန်နှုန်းအထိ တင်မောင်းနိုင်ပါသည်။ အမြန်ဆုံးသွားနိုင်သည့် နှုန်းထားမှာတော့ တစ်နာရီ မိုင် ၂၂၀ အထိဖြစ်သည်ဟု သိရပါသည်။ ထိုထက်ပိုမြှင့်လိုက်လျှင် နိုင်ငံတကာ ဥပဒေအရသတ်မှတ်ထားသည့် လမ်းပေါ်မှာသွားနိုင်သည့်မြန်နှုန်းမြင့် ကားများ၏ သတ်မှတ်ချက်ကို ရောက်ရှိတော့မည်ဖြစ်၍ ဤမျှဖြင့်သာသတ်မှတ်ထားသည်ဟု ထင်ပါသည်။

(Photo Credits: FABRICE COFFRINI/AFP/GETTY IMAGES)
သို့ပါသော်ငြားလည်း အထက်ပါအံမခန်းဖွယ်ဒီဇိုင်းအသွင်အပြင်၊ နောက်ဆုံးပေါ်စွမ်းဆောင်ရည်စသည့် အချက်များကိုအင်မတန်ကြိုက်နှစ်သက်၍ (ပိုက်ဆံလည်းချမ်းသာတတ်နိုင်သဖြင့်) သင်ဝယ်ယူမည်ဆိုပါပင်လျှင် ဤကားအမျိုးအစားကို သုံစီးသာ ထုတ်လုပ်မည်ဖြစ်၍ ကမ္ဘာ့အချမ်းသာဆုံး သူဌေးများပင် ပြိုင်ဆိုင်ဝယ်ယူရန် အလွန်ခက်ခဲမည့်အခြေအနေဖြစ်နေပေတော့သည်။

(Photo Credits: VALENTIN FLAURAUD / BLOOMBERG VIA GETTY IMAGES)
Reference: Time
686 total views, 2 today

Is that the most too?