Kia Motors မှ ကားများ Myanmar နိုင်ငံတွင် အောက်တိုဘာလဆန်းမှ စတင်ရောင်းချမည်
တောင်ကိုရီးယားနိုင်ငံ၏အကြီးဆုံးကားကုမ္ပဏီတစ်ခုဖြစ်သည့် Kia Motors Corporation သည် မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၁ရက်မှစတင်၍ ကားများကိုစတင်ရောင်းချမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ သိရှိရသည်။ မြန်မာနိုင်ငံရှိ ကားရောင်းစင်တာ Super Seven Stars Motors Industry Co Ltd နဲ့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ဖြန့်ချီရေးဆိုင်ရာ ဆွေးနွေးမှုများကို အချောသပ်လျှက်ရှိကြောင်းသိရပါသည်။ Super Seven Stars သည် ၁၉၉၃ခုနှစ်ကတည်း မြန်မာ့ကားဈေးကွက်တွင် light trucks နဲ့ ကားပြုပြင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများလုပ်နေခဲ့သည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

Hyundai Motor Coporation မှ ၃၄%ပိုင်ဆိုင်သည့် အဆိုပါ Kia Motors သည် ဆိုးလ်တွင်အခြေစိုက်ပြီး ၁၉၄၄ခုနှစ်ကတည်းက အိမ်သုံးရုံးသုံးကားအမျိုးမျိုးကို ကိုရီးယားနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းဖြန့်ချီနေသည့် အုပ်စုဖြစ်ပါသည်။ ၂၀၁၀ တွင်လည်း ယာဉ်အစီးရေ ၁.၄သန်းရောင်းချရသည့်အတွက် ကမ္ဘာ့စတုတ္ထကားအများဆုံးရောင်းသည့်စာရင်းဝင်ခဲ့ပါသေးသည်။ အိမ်စီးကား၊ ကုန်တင်ယာဉ်၊ Electric Hybrid၊ စစ်ဘက်ဆိုင်ရာသုံးကားများစသည်ဖြင့် ယာဉ်အမျိုးပေါင်း ၃၀ကျော်ခန့်ထုတ်လုပ်လျှက်ရှိပြီး မြန်မာနိုင်ငံအတွက်အဓိကရောင်းချမည့်မော်ဒယ်များမှာ နာမည်ကျော် ကားငယ်များဖြစ်သည့် Picanto နဲ့ Rio တို့ဖြစ်ကြောင်းသိရပါသည်။ Picanto ကတော့ Hatchback တစ်မျိုးပဲထုတ်ပြီး Rio ကတော့ Hatchback ကော ဆလွန်း Sedan ပုံစံနဲ့လဲထုတ်ထားပါတယ်။ အခြား Light Truck များဖြစ်သည့် K2500, K2900 စသည်တို့လဲ ပါဝင်မည်ဟုကြားသိရပါသည်။
Image: Picanto Five Door Hatchback

Image: Rio Four Door Sedan

Kia Motors မှ အခုလို ပူးပေါင်းဆောင်ရွက်မှုအတွက် အရောင်းစံချိန်တစ်ခုကို တိတိကျကျသတ်မှတ်ထားရယ်လို့တော့မရှိပဲ လက်ရှိဒီမော်ဒယ်နှစ်မျိုးသုံးမျိုးနဲ့ အစမ်းရောင်းချခြင်းဖြစ်သည်ဟု ဖြေကြားသွားပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ကားအသစ်များကိုတိုက်ရိုက်ဝယ်ယူနိုင်မည့်အခွင့်အလမ်းအားလုံးကို MyanmarCarsDB မှ ကြိုဆိုပါလိုက်ပါသည်။ ဈေးနှုန်းအတိအကျသိလျှင်ကျွန်တော်တို့မှ ထပ်မံ Update လုပ်ပေးပါမည်။ မိတ်ဆွေတို့၏ အမြင်ကိုလဲအောက်ပါ Comments များတွင် (သို့) Forum မှာ ၀င်ရောက်ဆွေးနွေးနိုင်ပါသည်။
- MyanmarCarsDB
Ref: MyanmarTimes, Kia Motors Official Site
8,158 total views, 11 today


ကားသစ်တွေရောက်လာမှာဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ ဘယ်လောက်တွေနဲ့ ရောင်းမလဲ? လက်ရှိ ဂျပန်ကားဈေးကွက်အပေါ် ဘယ်လောက်လွှမ်းမိုးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။.
SSS မှာတင်ထားတဲ့ယခင်ကားတွေကတော့ ဖြစ်သင့်တဲ့ဈေးထက် ၃၀%လောက်များတယ်၊ ပစ္စည်းမှန်ဖို့စိတ်ချရပေမဲ့ ဈေးမှန်ဖို့လည်းလိုတယ်နော်.
မပူကြပါနဲ့ SSS လဲ အပြိုင်ပေါ်လာရင် တင်းမခံနိုင်ပါဘူး၊
Mk Pk Sithu , shall we believe SSS's technology is so advanced that they can produce the exact quality of Toyota Hi-ace in Myanmar (without proper factory).?
LOL
i agree with ko soe moe
SSS က ဈေးများတယ်လို့ကြားရတယ်။ ဟုတ်လားမသိဘူး။.
ကြားတာတော့ အတွင်း လူ ကို တစ်ဈေး၊ အပြင်လူကို တစ်ဈေး တဲ့။
who are their men?
Kia rio ကတော့အနည်းဆုံး၁၀၀နီးပါးတော့ပေါက်မှာပါဒါတောင်အစိုးရကtaxမပါသေးဘူးနော်၁၅၀ကျော်လောက်ဆိုမဆိုးပါဘူး
ဈေးကတော့ ခုတော့မသိဘူး
Caldina GT-Four 280 လောက်ပေါက်တုန်းက သူတို့ဆီမှာ ZT ကို 340 တဲ့
အရင်တုန်းက ZT က ဈေးပိုများတာလေ
ရွှေငါး Fairlady တွေလည်း ၅၀ လောက်ကွာတယ်
သွင်းဈေးနဲ့မဟုတ်ဘူးနော်
ကားသစ်တွေရောက်လာမှာဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ပြည်ပကနေကုန်ချောတွေသွင်းလာပြီး လာရောင်းတာထက် ၊ ပြည်တွင်းကကုန်ကြမ်းနဲ့လူအင်အားကိုသုံးပြီး ပြည်ပကနည်းပညာနဲ့ ပြည်တွင်းမှာလာပြီးထုတ်လုပ်တာကို လိုလားပါတယ်။.
ကမ္ဘာမှာ လက်ရှိ ကားအသစ်ဈေးက $14000 ထက်ပေါတာ တရုတ်ကားနဲ့ TaTa ပဲရမှာပါ korea ကားလဲ $14000 ထက်မပေါပါဘူး လက်ရှိအခွန်က 1300 cc တောင် ၅၀သိန်းဆောင်တာဆိုတော့ အခုကအသစ်ဆိုတော့ ၅၀ ကျော်ဖို့ပဲရှိတယ် ပြီးတော့ ကိုယ်နိုင်ကမထုတ်နိုင်သေးတော့ သယ်ဆောင်ခလာအုံးမယ် ဆိုတော့သိန်း ၂၅၀ ထက်လျော့မယ်မထင်ပါ.
i think,Myanmar prefers old Japanese Cars more than Brand-new Korean Cars. Just look at Daewoo which finally ended up with closing down the showroom in 1997-98(they even sold with installment that time). Only hope Korea has is in "Light trucks",why they do not know.?
SSS နှင့် အကျိုးတူ ဆိုရင်တော့ ပြည်သူ တွေအတွက် အကျိုးမရှိနိုင်ပါ… ဈေးမပေါ နိုင်ပါ….
yes, completely agree
ဘာမဆိုဖြတ်စားမယ်ဆိုတာကြီးပဲ
ကိုစောနောင်ပြောတာ မှန်မယ်ထင်ပါရဲ့ဗျာ
super custom(living saloon Ex) တွေ…….ကားပွဲစားတန်းမှာ သိန်း၁၆၀လောက်ဆိုအရောင်းအဝယ်ဖြစ်နေချိန်မှာ….SSSမှာ ကျွန်တော်မေးတာ ၂၁၀ တဲ့…….နံပါတ်ကလည်း ဇုန်ထုတ် ၈ည/—- ပါပဲ……………ဘယ်သူတွေပေးဝယ်ကြလည်းမသိ…
Sss ကတော့ဝယ်ပြီတမျိုး
အပေါ်မှာဖက်ရတဲ့commentတွေကတော့အဆင်မပြေဘူဖြစ်နေတယ်ဗျ
ကျနော် သီချင်းကို ထည့်ဘူးလား
ဈေးနှုန်းလေးသိရရင်ကောင်းမယ်ထင်တယ် ၇ရင် တင်ပေးပါနော်.
ကီးယားနှင့် ကုလား အကျိုးတူ ပေါင်းပြီး ၊ မြန်မာတွေ ကို ဘယ်လို လုပ်မလဲဆိုတာ စောင့်ကြည့်ကြပါကုန်၊.
sss ကရိုက်စား..အားလုံးကွန်မန့်ပေးတာ အမှန်ချည်းပဲ..အရစ်ကျဆိုလဲ ဈေးက ၂ဆလောက်များတာ.kia လာတာ ကြိုဆိုပေမယ့် sss ဆိုတော့ မယု့ဘူးဗျို့.
အဓိက က ဘယ်ကားကုမ္ပဏီတွေပဲလာလာ နိုင်ငံတွင်းကကောက်တဲ့ CIF အခွန်နှုန်း မျှတဖို့ပဲ… အခွန်သက်သာရင် ပြည်သူတွေ ကားကောင်း ပိုစီးနိုင်တာပေါ့ဗျာ…. ဖြစ်နိုင်ရင် Model မြင့်လေ အခွန်သက်သာလေဖြစ်ရမှာ… ဒါမှ တပတ်နွမ်း ကားဟောင်းကို ကားကောင်းလုပ်ပြီးစီးနေရတဲ့ အဖြစ်က လွှတ်မြောက်မှာ…..ကုမ္ပဏီကတော့ တန်ရာ တန်ကြေးရောင်းမှာပဲ..အခွန်သာ မတန်တဆ မကောက်ရင် အမြင့်ကားတွေကို ဈေးသက်သက်သာသာနဲ့ စီးရမှာပါဗျာ….
ဟုတ်တယ်ဗျာ
မြန်မာပြည်မှာက ကျွဲခေါင်းပါမှ ကားလို့ ထင်တာ..တကယ်လည်းဟုတ်ပါတယ်.. မြန်မာပြည်ကတော့ Toyota နဲ့ ပဲ အဆင်ပြေပါတယ်
SSS ကတော့ပြောစရာမလိုအောင် ကို နာမည်ပျက်ပြီး နာမည်ကြီးနေပါလား
ဘာဖြစ်လို့လဲ ဖ ရ
ဈေးအရမ်းကြီးလို့ 
ဟုတ်ပါတယ် SSS က ဈေးကြီးပါတယ်၊ company တိုက်ရိုက်ရောင်းခွင့်ပေးရင် အကောင်းဆုံးလို့ထင်ပါတယ်.
without government control is better, cause tax is too higher than the whole world it's very disappointed for the nation whom would like to buy new cars.
ကားဘယ်လောက်ဝင်ဝင်အခြေခံလုတန်းစားကားမစီးနိုင်သေးဘူး
မြန်မာပြည်မှာက..ထားစရာမရှိတဲ့သူရယ်..စားစရာမရှိတဲ့သူရယ်.ဒီလူတန်းစားနှစ်မျိုးဘဲရှိတာ…လူလတ်တန်းစားကအတော်နည်းပါတယ်..ကားဈေးတွေဘယ်လောက်အထိကျကျ..အလကားရတောင်ဆီဘိုး..ပြင်ဆင်စရိတ်.စတာတွေကာမိအောင်.၀င်ငွေမရှိကြဘူး..အာဆီယံစံချိန်စံညွှန်းအတိုင်းလူတစ်ထောင်မှာ(၁၃)ဦးတော့ကားစီးနှိုင်မှာမဟုတ်ဘူး..ကားဈေးတွေပိုပြီးကျလာရင်..ပိုက်ဆံရှိလူတန်းစား တစ်ဦးလျှင် ကား ( ၁၃ ) စီးနှုန်းဝယ်စီးနှိုင်မှာတော့ သေချာပါတယ်…
အခု picanto/ k2500 ဘယ်ဈေးပေါက်လဲဗျ.
သွင်းတာ မသွင်းတာက အရေးမကြီးဘူး။ အဓိကက လူလတ်တန်းစားတွေ စီးနိုင်တဲ့အနေအထားရောက်ဖို့ဘဲ လိုတယ်။
our burma must be think about for using the car or boat?
sss net so yin dot , ma sin sar dot buu.
kia ရေ လာရောင်းစမ်းပါ ကိုယ့်ဘာသာကိုယ် ဖွင့်ပြီး ဈေးပေါပေါနဲ့ရောင်းစမ်းပါဗာ ဒီမှာရှိတဲ့ ကုမဏီတွေနဲ့မပေါင်းစမ်းပါနဲ့ sss ဆိုရင်တော့ သေပြီး ဈေးအကြီးဆုံးပဲပေါ့ နော် Kia လာမယ်ဆိုလို့ဝမ်းသာသွားတယ် sss နဲ့ဆိုတော့အဆင်မပြေပါဘူးဗျာ။ အလကား အမြတ်ကြီးစားတွေ သူတို့ကားတွေမရောင်းရပါစေနဲ့ဗျာ ဒီမှာရေးထားတဲ့ comment တွေကို sss ကပိုင်ရှင်မြင်ပါစေဗျာ မေတာပို့ထားတယ်လေ။ car crony တွေလေ။.