မင်္ဂလာပါ, visitor! [ Register | LoginRSS  |  Twitter

Jaguar XF ရွံ့ မော်ဒယ်ပုံအား Jaguar ဒီဇိုင်နာများမှ ပုဆိန်ဖြင့်ဖျက်

| News | June 7, 2012

ကားထုတ်လုပ်သည့် ကုမ္ဗဏီများမှ ကားဒီဇိုင်နာများသည် လည်းကောင်းတို့၏ ကားပုံစံ နောက်ဆုံးအဆင့်ကို တကယ့်အရွယ်အစားအတိုင်း ရွံ့ ဖြင့်ပြုလုပ်ကြခြင်းမှာ ထုံးစံပင်ဖြစ်သည်။ ထို့ကားပုံစံဒီဇိုင်းအား ခွင့်ပြုချက်ရပြီး ထုတ်လုပ်သည့်အဆင့်သို့ ရောက်ရှိသွားလျှင် ပြန်ဖျက်ပစ်တတ်ကြပြန်သည်။

Jaguar XF ၂၀၁၂ မော်ဒယ် ကားအမျိုးအစားသည် ဈေးကွက်အတွင်း ရောက်ရှိပြီး ရောင်းချနေသည်မှာ လအနည်းငယ် ကြာသွားပြီဖြစ်၍ ထိုကား၏ တကယ့်အရွယ်အစား ရွံ့ ရုပ်ပုံမော်ဒယ်အား ဒီဇိုင်နာများမှ အပီအပြင် ပြန်လည် ဖျက်စီးကြပုံကို Jaguar ကုမ္ဗဏီမှ ဗီဒီယိုအဖြစ် မှတ်တမ်းတင်၍ ထုတ်လွှင့်ခဲ့သည်။ ပုဆိန် တစ်ယောက်တစ်လက်ဖြင့် ဖျက်စီးနေကြပုံမှာ ပျော်စရာကောင်းနိုင်ပြီး စိတ်ဖိစီးမှုဖြေဖျောက်ရန် အကောင်းဆုံးနည်းတစ်ခုလည်းဖြစ်သည်။ (မိမိတို့၏ ကားများကိုတော့ ယခုလို ပုဆိန်ဖြင့် မပေါက်ကြပါနဲ့။)

Jaguar မှထုတ်လွှင့်သော ဗီဒီယိုကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

  

1,597 total views, 2 today

Print

နောက်ဆုံး သတင်းများ