မင်္ဂလာပါ, visitor! [ Register | LoginRSS  |  Twitter

နိုင်ငံတကာ ကားကုမ္ပဏီကြီးများမြန်မာနိုင်ငံသို့ဝင်ရောက်မည်။ (Hyundai, KIA, VW)

| News | August 22, 2012

MyanmarCarsDB (Yangon, 22 Aug 2012)

ပြည်တွင်းရှိမော်တော်ကားအရောင်းစင်တာများ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့အတူ သွင်းကုန်ထုတ်ကုန်ဖြန့်ချီရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ကမ္ဘာ့အဆင့်မှီ မော်တော်ကားများကို တိုက်ရိုက်တင်သွင်းရောင်းချနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း EMG မှတစ်ဆင့်သိရှိရသည်။

ကနဦးဆောင်ရွက်မှုအနေဖြင့် လတ်တလောက PepsiCo ၏ မူပိုင်ဖြန့်ချီခွင့်ရယူလိုက်သည့် Diamond Star ကုမ္ပဏီအုပ်စုကြီးမှ ကိုးရီးယားအခြေစိုက် Hyundai Motor Group ကားကုမ္ပဏီကြီး၏ Hyundai နဲ့ Kia brand မော်တော်ယာဉ်များကို ပြည်တွင်း၌ဖြန့်ချီရန် ဆွေးနွေးလျှက်ရှိသည်။ အဆိုပါမော်တော်ကားများကို Diamond Star ၏ မော်တော်ယာဉ် တင်သွင်းဖြန့်ချီရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် တည်ထောင်ထားသော Capital Automotive မှတာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အရောင်းပြခန်းများဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်ဟုသိရှိရသည်။ Toyota နဲ့အပြိုင် အာရှထုတ်ကားများဖြစ်ပြီး Hyundai နဲ့ KIA တို့သည် ကမ္ဘာပေါ်တွင် နာမည်ကောင်းရထားသော brand များဖြစ်သည့်အတွက် မြန်မာ့ဈေးကွက်တွင်လည်း စိတ်ဝင်စားလူကြိုက်များမည်ဟု ယူဆရပါသည်။

တစ်ချိန်တည်းမှာပဲ အခြားပြည်တွင်းရှိကားလုပ်ငန်းရှင်များသည် ဥရောပအခြေစိုက်ကမ္ဘာ့တတိယအကြီးဆုံး ကားထုတ်လုပ်သည့် Volkswagen Group နဲ့ဆွေးနွေးမှုများပြုလုပ်နေသည်ဟုကြားသိရသည်။ ခိုင်ခန့်သည်၊ သပ်ရပ်သည်ဟုနာမည်ကြီးသည့် လက်ရှိ Volkswagen brand အောက်တွင်ပင် ကားမော်ဒယ်ပေါင်း အနည်းဆုံး ၁၄ခုခန့်ရှိသည်ကိုတွေ့ရပါသည်။ အဆိုပါ 1937 တွင် ဂျာမနီ ဘာလင်၌တည်ထောင်ခဲ့သည့် Volkswagen Group သည် ဟိုးအရင်ခေတ်ကလို ဘောက်စ်ဝက်ဂွန်ကားဟု ကျွန်တော်တို့နိုင်ငံတွင် လူသိများသည့် ကားလေးတွေနဲ့စခဲ့ရာမှ ယခုအခါ အခြားကား brand များကိုလည်း ပိုင်ဆိုင်နေသည့် ကုမ္ပဏီကြီးဖြစ်ပါသည်။ အထင်ကရ brand များမှာ Audi, Bentley, Bugatti, Lamborghini, Porsche, SEAT, Škoda စသည်တို့ဖြစ်ပြီး မော်တော်ဆိုင်ကယ် Ducati အမှတ်တံဆိပ်ကိုလည်း ပိုင်ဆိုင်ထုတ်လုပ်နေပါပြီ။

မြန်မာ့ကားဈေးကွက်တွင် ယခုအခါ ဂျပန်နိုင်ငံမှ Used Car များသာ ကြီးစိုးတာတွေ့ရပေမဲ့ EMG ၏ သတင်းသာမှန်ပါက လာမည့် ၆လ မှ တစ်နှစ်အတွင်း Brand New ကားဈေးကွက်တစ်ခုဖြစ်ထွန်းလာမည်မှာမလွဲပေ။

မိတ်ဆွေတို့၏အမြင်ကိုလည်း အောက်တွင်ဆွေးနွေးကြစေလိုပါသည်။

- MyanmarCarsDB : Ref: Eleven Media Group

     

5,531 total views, 1 today

Print

22 Responses to “နိုင်ငံတကာ ကားကုမ္ပဏီကြီးများမြန်မာနိုင်ငံသို့ဝင်ရောက်မည်။ (Hyundai, KIA, VW)”

  1. Used Car တွေပဲရွေးချယ်စရာရှိတာကနေ လမ်းစနစ်ကိုက်ညီတဲ့ ဘယ်မောင်းကားသစ်တွေ ပြည်တွင်းမှာ သက်သက်သာသာဝယ်ခွင့်ရရင် အလွန်ကောင်းမှာပါ။.

  2. ဝယ်ချင်လှပြီဗျာ့  ကားအသစ်လေးရေလာပါတော့

    • ကြီးကြီးဘဲဝင်ဝင်သေးသေးဘဲဝင်ဝင်ဈေးနှုန်းဘဲစကားပြောပါတယ်ဗျာ။

  3. လောလောဆယ်မှာတော့ တိုယိုတာကဟော့နေပါတယ် ဒါပေမဲ့ မလိုအပ်တဲ့ အခွန်တွေလျှော့ပေါ့ပေးပြီး အသစ်စက်စက်တွေ သွင်းနိုင်ရင်တော့ပိုကောင်းမှာပါ။ အခုကားတွေကတော့ နည်းနည်းလေးသန့်တာကလွဲလို့ အဟောင်းတွေဆိုတော့ မြန်မာပြည်ကို ဂျပန်နိုင်ငံရဲ့ ကားသခ်ျိုင်းအဖြစ် ဖန်တီးပေးလိုက်သလိုပါပဲ။ တကယ်တွေးကြည့်တော့နစ်နာတာက မြန်မာပြည်သူပြည်သားတွေပါပဲ။ လမ်းတွေကို သေချာပြုပြင်ပေးပြီး ကားတွေကို အမှန်အကန် သွင်းခွင့်ပေးလိုက်ရင် အားလုံးအဆင်ပြေမှာပါ။ ကားစက်ရုံတွေ ကို မြန်မာ့လုပ်ငန်းရှင်တွေနဲ့ တွဲဖက်ပေးပြီး ဖွင့်ခွင့်ပြုလိုက်ရင် အလုပ်အကိုင်အခွင့်အလမ်းတွေပွင့်လာမှာပါ။ ကားအဟောင်းတွေတော့အပ်ပါရဲ့ ကားကအသစ်မဖြစ် လမ်းကမကောင်းတော့ ဒုံရင်းကဒုံရင်းပါပဲ။ ကျွန်တော့ရဲ့ လက်တဆစ်လောက်အတွေးပါ မှားရင်ခွင့်လွှတ်ကြပါ.

    • ဟုတ်တယ်။ ပြုပြင်တယ်ဆိုရင် ပီပြင်အောင်ပြုပြင်စေချင်ပါသည်။

  4. ကောင်းတယ်…ကျွန်တော်အားပေးတယ်….နိုင်ငံခြားကလာဖွင့်မှ ဈေးနှုန်းကျဆင်းမယ် ကိုယ်နိုင်ငံကလူတွေက ကားရောင်းပြီး သဋ္ဌေးဖြစ်ကြံနေတာ ကျွန်တော်သိသလောက်ကားဈေးကွက်မှာ…မလိုအပ်ပဲ 20/30 ကျသင့်တဲ့ငွေထက်ပိုတယ် ။.

  5. adi ka ka tot..car kg kg lay twe ko money chan thar tae thu twe si naing po htet 1 day lote mha 1 day sar….office win htan twe atwat bus cars khat sote sote mha kg kg lay twe ko….that that thar thar chaung 2 chi chi see ya say chin tal byar…bus car kg kg lay twe myar myar tin twin say chin tal byar…
    amhar par yin lae kwint lhoot say chin tal..

  6. Myanmarcarsdb ရေ… ကျွန်တော် လူတတ်ကြီးလုပ်တာတော့မဟုတ်ပါဘူးဗျ… အကိုတို့ site ဟာ အခုဆို online ကားလောကမှာလူသိလည်းတော်တော်လေးများလာပါပြီ… နောက်ပြီးတစ်ခြား site တွေလို ဖြစ်သလိုလုပ်ထားတဲ့ site မျိုးလည်းမဟုတ်ပါဘူး.. ကျွန်တော်ပြောချင်တာက မြန်မာစာရေးတဲ့အခါမှာ စာလုံးပေါင်းလေးတွေ ဂရုစိုက်စေချင်တာပါခင်ဗျ… ဖြန့်ချီ မဟုတ်ပါဘူး ဖြန့်ချိ ပါ… အဆင့်မှီမဟုတ်ပါဘူး အဆင့်မီ ပါခင်ဗျ… ကျွန်တော်လည်း မှားတတ်ပါ… ဒီလိုပဲဂရုစိုက်နေရတာပါပဲ… အကိုတို့လို အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းတွေဆိုရင်တော့ ပိုပြီးဂရုစိုက်စေချင်ပါတယ်ခင်ဗျာ… ကျေးဇူးတင်ပါတယ်… :)

  7. မြန်မာနိုင်ငံတွင် နေထိုင်သော လူများသည်လည်း ကမ္ဘာ့နိုင်ငံများတွင်နေထိုင်သောလူများနှင့်
    အတူတူဖြစ်ပါသည်။ ထို့ကြောင့် ကားဝယ်ရာတွင်မိမိနှစ်သက်သောကားကိုအ
    များနည်းတူ ဖြစ်သော ဈေးနှုံး ပေးဆောင်ရမြည့်
    အခွန်အခများဖြင့် သိက္ခာရှိစွာ ၀ယ်ယူလိုပါသည်
    စလစ်ဆိုသောစကား ပါမစ်ဆိုသောစကားများ
    မမြင် မကြားလိုပါ

  8. I like scirocco. ;)

  9. I like scirocco. ;)

  10. Ko Moe Zaw Nyo ပြောတာကို အပြည့်အ၀ ထောက်ခံပါတယ်ခင်ဗျာ ။ မြန်မာပြည် ဟာ ဂျပန် နိုင်ငံ ရဲ့ ကား သင်္ချိုင်း နေရာ မဟုတ်ပါ။.

  11. San San win ရဲ့ ပြောပြချက်ကို အပြည့်အ၀ ထောက်ခံပါတယ်၊၊ ဟဲ..ညီလာခံ ကျင်ပနေသလိုများ ဖြစ်နေမလား.. <ဂျပန်နိုင်ငံရဲ့ ကားသခ်ျိုင်းအဖြစ် ဖန်တီးပေးလိုက်သလိုပါပဲ >ဆိုတဲ့ Moe Zaw Nyo ရဲ့ ရေးသားချက် ဟာ လက်တစ်ဆစ်စာ မဟုတ်ပါဘူးနော် မှန် ကန်သော အတွေးပါ၊နိုင်ငံတော်ကသာ လူချမ်သာတွေ အတွက်မဟုတ်ပဲ မပြည်စုံနိုင်သေးတဲ့ ပြည်သူတွေအတွက် ထည့်တွက်ပေးမယ်ဆိုရင် ကားတစ်စီ ၀ယ်နိုင်ဖို့ဆိုတာ ကားတစ်စိီရဲ့ ဈေးနူန်း မဟုတ်ပါဘူး နိုင်ငံတော်က မညှာမသာ လုပ်နေတဲ့ အခွန်အတုတ်တွေပဲ ဖြစ်ပါတယ်….

  12. ကျနော်တို့နိင်ငံသားတွေချွတ်ခြုံကျနေပါပီ၊ကားကောင်းတွေဈေးလျော့ပေးမယ်ပြော၇င်တောင်မှ မြန်မာပြည်လမ်းတွေက ၅နှစ်နဲ့ကားလေးတွေသွားဘို့မလွယ်သေးဘူး၊ကတိတွေပေးတိုင်းလဲမဖြစ်ခဲ့တာများလို့ (ဥပမာ- လှည်းတန်းတံတား၎လနဲ့အပီးဆောက်မယ်ပြောခဲ့တာ အခု ၈လရှိပီ၊နောက်နှစ်မှပီးမယ်ပြောပြန်ပီ) ကားတွေအသစ်ဝင်လာ၇င်ကျပ်ညပ်လမ်းပိတ်မှာဘဲ၊လမ်းကောင်းနဲ့ကားကောင်းတွေ လူတိုင်းစီးနိုင်ကြစေခင်ပါတယ်.

  13. သူများနိုင်ငံတွေမှာလိုလက်လုပ်လက်စားသမားတွေပါကားစီးနှိုင်အောင်လို့အရစ်ကျငွေသွင်စနစ်နဲ့ရောင်းပေးစေချင်ပါ..လက်ရှိအရစ်ကျစနစ်နဲ့တော့ဘယ်သူမှဝယ်နှိုင်မှာမဟုတ်ပါ..နိင်ငံတကာစံနှူန်းအတိုင်းဖြစ်စေချင်ပါတယ်..အခုစနစ်ကကို့ပိုက်ဆံနဲ့ကိုအတိုးပေးနေရသလိုပါပဲ

  14. ကားသစ်တွေရောက်လာမှာဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ပြည်ပကနေကုန်ချောတွေသွင်းလာပြီး လာရောင်းတာထက် ၊ ပြည်တွင်းကကုန်ကြမ်းနဲ့လူအင်အားကိုသုံးပြီး ပြည်ပကနည်းပညာနဲ့ ပြည်တွင်းမှာလာပြီးထုတ်လုပ်တာကို လိုလားပါတယ်။.

  15. ကားကောင်းကောင်းလေစီးချင်လို့ဝယ်စီးပါတယ်လမ်းဆိုးလို့ ကားကိုထုတ်မစီးရက်ဘူး ကားတွေဘယ်လိုဘဲဝင်ဝင် ဈေးဘယ်လောက်ဘဲဖြစ်နေဖြစ်နေ အရေးကြီးဆုံး က ကားလမ်းနဲ့ ယာဉ်အန္တရယ်ကင်းရှင်းအောင် လုပ်ဆောင်ချက်ကို အဓိကအရေး နံပါတ်တစ် လုပ်ဆောင်ချက်က ပပျောက်နေ၏.

  16. ရှေ့ကပြော သွားကြသလိုပါဘဲ အခွန်နှန်းတွေ လျှော့ပေး ပါမှတမ်မှာပါ

  17. some of the country strictly restrict for the usage year of cars. in japan 5 years and in Macau 10 year, after that yearly need to inspect for renew licence.
    မြန်မာနိုင်ငံတွင် နေထိုင်သော လူများသည်လည်း can use new cars and can control traffic jam, olso over age use car in the country.

  18. စလစ် + ကညန ခွန် အသက်လွတ်ကြီး ပေးရတယ်.. ပြီးတော့ သူများနိုင်ငံက အမိုက်ပုံက ကားဟောင်းတွေကို အသစ်ဈေးရဲ့ နှစ် ဆ သုံးဆ လောက်ပေးပြီးစီးရတယ်…. ၀ယ်တော့လည်းအပြတ်ဝယ်ရတယ် သူများတွေလို ၁၀ နှစ်အကြွေးစနစ်နဲ့ရောင်းပါလား… ဘယ်လိုလူတွေလဲ နိုင်ငံတစ်ကာ ဈေးနှုန်းအတိုင်းစီးကြစမ်းပါစေ.. နိုင်ငံတစ်ကာနဲ့ ရင်ပေါင်တန်းချင်တယ်ဆို… ၀င်ငွေတွေလည်းတိုးလိုက်ကြပါလား….

  19. အိမ်နီးချင်းနိုင်ငံများနှင့်အခြားနိုင်ငံများနည်းတူကားဈေးနှုန်းတစ်ပြေးညီဖြစ်ရန်သက်ဆိုင်ရာလူကြီးများက…ကားနှင့်သက်ဆိုင်သောမူဝါဒများပြုပြင်ညှိနှိုင်းမှုများထပ်မံပြုလုပ်ပေးလျှင်ကောင်းမည်ဟုထင်မိပါသည်။ချမ်းသာသောသူများမှလွဲပြီး မရှိမဲ့ရှိမဲ့စုပြီးကားဝယ်ထားသောသူများမှာ…၀ယ်ြ့ပီးကားနေပါသည်။ယခုချိန်ထိလည်းဆက်ကားနေပါသည်။နှစ်ခြမ်းမကွဲသွားအောင်ကြိတ်မှိတ်စိနေရပါသည်။

နောက်ဆုံး သတင်းများ

  • News This Week

    တစ်ပါတ်အတွင်း ကားလောကသတင်း

    by on May 9, 2013 - 2 Comments

    ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။ သတင်းထူးများမှာတော့: CNG ယာဉ်များသက်တမ်းတိုးရန် အဆင်ဖြေလျှော့ခြင်း Taxi တွေအတွက် အထူးနှု...

  • Totaled cars are imported from Japan

    ပျက်စီးဂျပန်ကားများ တင်သွင်းဟုဆို

    by on May 8, 2013 - 4 Comments

    ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ပျက်စီးနေသည့် ယာဉ်များကိုပြုပြင်ပြီး ပြန်လည်ရောင်းချရန် ပြည်တွင်းယာဉ်ရောင်းချရေး ကုမ္ပဏီ သုံးခုက တင်သွင်းလာကြောင်း မော်တော်ယ...

  • 7102431131_02f1c368e3

    မြန်‌မာနိုင်‌ငံသို့ Ford လာပြီ

    by on May 1, 2013 - 8 Comments

    US ကားထုတ်‌လုပ်‌ရေး ကုမ္ပဏီ Ford သည်‌ မြန်‌မာနိုင်‌ငံသို့ ဝင်‌‌ရောက်‌‌တော့မည်‌ဖြစ်‌‌ကြောင်း ‌ကြေငြာလိုက်‌ပါသည်‌။ Ford သည် ၁၉၀၃ မှ စတင်ကာ အမေရိကန်နိုင်ငံတွင် မော...

  • 3244478841_6999807da2

    ယာဉ်ကြောပြဿနာကြောင့် အဌားယာဉ်များ မီတာစန...

    by on April 30, 2013 - 3 Comments

    ရန်ကုန်မြို့တော်တွင် အနာဂတ်ဖြစ်ပေါ်လာနိုင်သည့် ယာဉ်ကြောအခြေအနေကို မခန့်မှန်းနိုင်သောကြောင့် အဌားယာဉ်များတွင် မီတာစနစ်ဖြင့် ယာဉ်စီးခကောက်ခံရန် အခက်အခဲရှိကြောင်းေ...

  • Tire code

    ကားတာယာတွေ ဘေးမှာရေးထားတဲ့ စာတွေက ဘာတွေလ...

    by on April 27, 2013 - 11 Comments

    ယခင်တစ်ပါတ်က ကျွန်တော်တို့ Facebook Page မှာ share ခဲ့သည့် tyre code များကြည့်နည်းကို လူနှစ်သက်ကြတာ သိရတဲ့အတွက်၊ Facebook မှာ မတွေ့လိုက်ရသူ MyanmarCarsDB ၏ ဧည့်...