မင်္ဂလာပါ, visitor! [ Register | LoginRSS  |  Twitter

လေထထဲမှ ဂေါက်သီးအား ကားဖြင့်မောင်းပြီး လိုက်ဖမ်း၍ ကမ္ဘာ့စံချိန်တင်

| News | June 4, 2012

ဖော်မြူလာဝမ်း ကားမောင်းသမားဟောင်း David Coulthard သည် တစ်နာရီလျှင် ၁၇၈မိုင်နှုန်းဖြင့် ရိုက်လိုက်သော ဂေါက်သီးအား ကားဖြင့်မောင်းပြီး လိုက်ဖမ်း၍ ကမ္ဘာ့စံချိန်တင်သွားကြောင်း သိရသည်။
မာစီးဒီးကားကုမ္ဗဏီမှ Viral Film အဖြစ်ရိုက်ကူးသောအစီအစဉ်အတွက် ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်သမားဖြစ်သော Jake Shepherd နှင့် ဖော်မြူလာဝမ်း ကားမောင်းသမားဟောင်း David Coulthard တို့အား ခေါ်ယူရိုက်ကူးခြင်းဖြစ်သည်။

David သည် 571hp ရှိသော Mercedes-Benz SLS AMG Roadster ကားအား တစ်နာရီမိုင် ၁၂၀ နှုန်းဖြင့်မောင်းနှင်ပြီး Jake ရိုက်လိုက်သော ဂေါက်သီးအား လည်းကောင်း အမိုးပွင့်ကားပေါ်မှ ဖမ်းပြခြင်းဖြစ်သည်။ ပထမအကြိမ်ရိုက်ကူးမှုမှာ မအောင်မြင်သော်လည်း ဒုတိယအကြိမ် ပြန်လည် ရိုက်ကူးရာတွင် ထိုသို့ဖမ်းနိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်ဟု မာစီးဒီးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါမှတ်တမ်း ဗီဒီယိုအား ဂျူလိုင်လဆန်းပိုင်းတွင် မာစီးဒီး၏ SLS AMG Roadster ကားအားဂုဏ်ပြုသောအားဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ David Coulthard က “အခုလို ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးပမ်းမှုဟာ ကျွန်တော့်ကို ကားနဲ့တစ်ခုခုလုပ်ပြခိုင်းတဲ့ တကယ့်အထူးဆန်းဆုံးတွေထဲက တစ်ခုပါပဲ။ Jake hepherd နဲ့အလုပ်တွဲလုပ်ရတာ တော်တော်အဆင်ပြေပါတယ်။ အင်မတန် performance ကောင်းတဲ့ SLS AMG Roadster ကားကိုမောင်းပြီး လေထဲက ဂေါက်သီးကို ဖမ်းဖို့ကြိုးပမ်းရတာ အင်မတန်စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။” ဟုပြောကြားသွားပါသည်။

No Tags

1,727 total views, 1 today

Print

8 Responses to “လေထထဲမှ ဂေါက်သီးအား ကားဖြင့်မောင်းပြီး လိုက်ဖမ်း၍ ကမ္ဘာ့စံချိန်တင်”

  1. Samuel Mâu Meow Faith on June 5, 2012 @ 2:11 pm

    I think my question is how he's catching the golf ball, not how he's catching up with it. I hope he has fast hands too =)).

  2. Amazing.

  3. အ၇မ်းကောင်း

  4. movies ဆို ပိုကြည့်ကောင်းမှာပဲ.

  5. if you want to buy the car should be know this know this.thanks for share knowdge…

  6. အပြင်မှာတကယ်ကြည့်ရရင်ကောင်းမယ်။

  7. http://www.youtube.com/watch?v=VgKMGwfo5sg မှာကြည့်နိုင်ပါတယ်

နောက်ဆုံး သတင်းများ

  • News This Week

    တစ်ပါတ်အတွင်း ကားလောကသတင်း

    by on May 9, 2013 - 2 Comments

    ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။ သတင်းထူးများမှာတော့: CNG ယာဉ်များသက်တမ်းတိုးရန် အဆင်ဖြေလျှော့ခြင်း Taxi တွေအတွက် အထူးနှု...

  • Totaled cars are imported from Japan

    ပျက်စီးဂျပန်ကားများ တင်သွင်းဟုဆို

    by on May 8, 2013 - 4 Comments

    ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ပျက်စီးနေသည့် ယာဉ်များကိုပြုပြင်ပြီး ပြန်လည်ရောင်းချရန် ပြည်တွင်းယာဉ်ရောင်းချရေး ကုမ္ပဏီ သုံးခုက တင်သွင်းလာကြောင်း မော်တော်ယ...

  • 7102431131_02f1c368e3

    မြန်‌မာနိုင်‌ငံသို့ Ford လာပြီ

    by on May 1, 2013 - 8 Comments

    US ကားထုတ်‌လုပ်‌ရေး ကုမ္ပဏီ Ford သည်‌ မြန်‌မာနိုင်‌ငံသို့ ဝင်‌‌ရောက်‌‌တော့မည်‌ဖြစ်‌‌ကြောင်း ‌ကြေငြာလိုက်‌ပါသည်‌။ Ford သည် ၁၉၀၃ မှ စတင်ကာ အမေရိကန်နိုင်ငံတွင် မော...

  • 3244478841_6999807da2

    ယာဉ်ကြောပြဿနာကြောင့် အဌားယာဉ်များ မီတာစန...

    by on April 30, 2013 - 3 Comments

    ရန်ကုန်မြို့တော်တွင် အနာဂတ်ဖြစ်ပေါ်လာနိုင်သည့် ယာဉ်ကြောအခြေအနေကို မခန့်မှန်းနိုင်သောကြောင့် အဌားယာဉ်များတွင် မီတာစနစ်ဖြင့် ယာဉ်စီးခကောက်ခံရန် အခက်အခဲရှိကြောင်းေ...

  • Tire code

    ကားတာယာတွေ ဘေးမှာရေးထားတဲ့ စာတွေက ဘာတွေလ...

    by on April 27, 2013 - 11 Comments

    ယခင်တစ်ပါတ်က ကျွန်တော်တို့ Facebook Page မှာ share ခဲ့သည့် tyre code များကြည့်နည်းကို လူနှစ်သက်ကြတာ သိရတဲ့အတွက်၊ Facebook မှာ မတွေ့လိုက်ရသူ MyanmarCarsDB ၏ ဧည့်...