၁ ဒေါ်လာသာ ပေးရသော BMW 320i
1994 ခုနှစ်ထုတ် BMW 320i E36 အမျိုးအစား ကားတစ်စီးကို ၁ ဒေါ်လာသာပေးပြီး အင်တာနက်မှတစ်ဆင့် ဝယ်ယူနိုင်သည်ဆိုလျှင် ယုံကြည်ဖို့ရာ ခက်ခဲပေမည်။ သို့သော် ထိုအဖြစ်အပျက်မှာ အမှန်တကယ်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

New Zealand နိုင်ငံရှိ Stadium Cars ဟုအမည်ရသော ကားရောင်းသည့် ကုမ္ဗဏီတစ်ခုသည် လည်းကောင်းတို့ကားတစ်စီးအား လေလံ website တစ်ခုတွင် ၁ ဒေါ်လာဖြင့် ချက်ချင်းဝယ်ယူနိုင်ရန် မှားယွင်းကြော်ငြာမိခြင်းဖြစ်သည်။ ထိုကြော်ငြာအား website အသုံးပြုသူတစ်ဦးမှ တွေ့ ရှိသွားပြီး ဝယ်ယူလိုက်နိုင်ခဲ့သည်။

ထိုကြော်ငြာသည် မှားယွင်းမှုတစ်ခုဖြစ်သော်လည်း ၁ ဒေါ်လာဖြင့်ပင် အဆိုပါကားကုမ္ဗဏီမှ ရောင်းချပေးလိုက်သောကြောင့် ဝယ်ယူလိုက်သူအတွက် အလွန်ကံကောင်းသည်ဟု ဆိုရမည်ဖြစ်ပါသည်။ အမှန်တကယ် လေလံဖြင့် ဝယ်ယူရပါက ထိုကားမျိုးသည် ဒေါ်လာ ၃၀၀၀ ဝန်းကျင်ခန့် တန်ကြေးရှိကြောင်း သိရသည်။
4,270 total views, 1 today

MyanmarCardb လည်းမှားပါစေ…….
မြန်မာပြည်မှာဆို စောရီး ဈေးမှားပြောမိတာဆိုပြီး ရောင်းမှာမဟုတ်ဘူး.
MyanmarCardb ဆို ဈေးမှားတာဆိုပြီး ရောင်းမှာမဟုတ်ဘူး.
Car တွေက ကျွန်တော်တို့ ရောင်းတာမဟုတ်ပါဘူးခင်ဗျာ။ ရောင်းသူတွေ သူ့ဘာသာလာတင်တာပါ။
ဈေးမှားရင်လဲ ရောင်းသူတွေကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
ပြောခဲ့တဲ့စကားတစ်ခွန်းကို အဲလိုတည်တံ့မှ တိုးတက်မှာပေါ့…။ ငါတိုမြန်မာပြည်နဲ့တော့ ကွာပါ့ ကွာ…..။.
မိုက်တယ် Share ပြီးနော်.
သူတို့လိုဘဲ ၁ ဒေါ်လာနဲ့ကားစီးနိုင်ကြပါစေ.