ကားဟောင်း ဝယ်မည်ဆိုရာတွင်
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ကားအသစ်များဝယ်ယူရန်မှာ အလှမ်းဝေးကွာနေဆဲဖြစ်ပြီး မိမိတို့၏ လိုအပ်ချက်ကြောင့် ဖြစ်စေ၊ ဝါသနာပါ၍ဖြစ်စေ ကားဝယ်ယူလိုပါက ကားအအဟောင်းများကိုသာ အားထားနေရပေသည်။ သို့သော် ကားဟောင်းများ ဝယ်မည်ဆိုသည်မှာ အလွယ်တကူ ကိစ္စတစ်ခုတော့ မဟုတ်ပေ။ သတိထားရမည့်အချက်များ အများအပြားရှိနိုင်ပါသည်။ ကားဟောင်း ဝယ်ယူရာတွင် အလှည့်စား မခံရစေရန် နှင့် ဆုံးဖြတ်ချက် အမှားများ မချမိစေရေးအတွက် သတိထားရမည့် အချက်များစွာထဲမှ အချို့ကို ဖော်ပြသွားပါမည်။
မောင်းနှင်ပြီး ကီလိုမီတာ/မိုင်
ကား၏ မောင်းနှင်ပြီး အကွာအဝေးပြသည့် ကီလိုမီတာကို ပြန်လည်ပြင်ဆင်ထားခြင်းသည်နိုင်ငံ အတော်များများတွင် ပြုလုပ်လေ့ရှိကြပြီး တရားမဝင်သည့် လုပ်ရပ်တစ်ခုဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ဤကိစ္စနှင့်ပတ်သက်ပြီး တရားဥပဒေ သတ်သတ်မှတ်မှတ်မရှိပါ။ အချို့သော ကားရောင်းသူများသည် မောင်းနှင်ပြီးသည့် အကွာအဝေးပြ ဒိုင်ခွက်ရှိ ဂဏန်းများကို လျှော့ချပြီး သိပ်အသုံးမပြုရသေးသည့် ကားတစ်စီးဟု ဝယ်ယူသူများ ထင်မြင်စေရန် ပြုလုပ်တတ်ကြသည်။ အမှန်တော့ ထိုသို့ ပြုလုပ်ခြင်းသည် လိမ်လည်ခြင်းတစ်မျိုးပင် ဖြစ်ပါသည်။

(photo: flickr)
ကားတစ်စီး၏ မောင်းနှင်ပြီးသည့် ခရီးအကွာအဝေးအလိုက် ပုံမှန် servicing ပြုလုပ်ရမည်ဖြစ်ရာ ဤသို့ တကယ်မောင်းနှင်ပြီးသည့် အကွာအဝေးနှင့် ဒိုင်ခွက်တွင် ဖော်ပြထားမှုများ မတူညီပါက ကားမောင်းနှင် အသုံးပြုသူများအတွက် အန္တရာယ်တစ်ခုပင် ဖြစ်ပါသည်။
သာမန်လူတစ်ယောက်အနေဖြင့် ထိုသို့ ပြောင်းလဲထားသည်ကို ရုတ်တရက် မသိရှိနိုင်သော်လည်း ကျွမ်းကျင်သူများအနေဖြင့် ကြည့်ရှု၍ အမှန်တကယ် ဟုတ်မဟုတ်ကို သိရှိနိုင်ပါသည်။ ပျမ်းမျှအားဖြင့် ကားတစ်စီးအား တစ်နှစ်လျှင် ကီလိုမီတာ ၂၅၀၀၀ ခန့်မောင်းနှင်တတ်ကြပါသည်။ သို့ရာတွင် မိမိဝယ်ယူသည့် ကား၏ မူလနိုင်င်ငံအနေအထား၊ ပိုင်ရှင်၏ ကားမောင်းနှင်မှု အရေအတွက်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
ထို့အပြင် ကား၏ အနေအထားကိုကြည့်ရှု၍ မောင်းနှင်ပြီး ခရီးအမှန်ဟုတ်မဟုတ် အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။ ကီလိုနိမ့်နေသော်လည်း ကား၏အနေအထားမှာ အပွန်းအပဲ့များ၊ အနာအဆာများရှိပါက ထိုကား၏ မောင်းနှင်ပြီး ဒိုင်ခွက်ကို ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်နိုင်ချေ များပါသည်။
စိတ်အချရဆုံးနည်းလမ်းမှာ ကား၏ နောက်ကြောင်းအား သေချာစုံစမ်းသင့်ပြီး တတ်ကျွမ်းသည့် ပညာရှင်များဖြင့် ပြသကာ စစ်ဆေးသင့်ပါသည်။
ဖိအားပေးခြင်းနှင့် ဗန်းပြ ထွင်လုံးများ
သင်ဝယ်ယူလိုသည့်ကားအား အမှန်တကယ် စိတ်တိုင်းကျမှုရှိမှသာ ဝယ်ယူသင့်ပါသည်။ ရောင်းသူ တချို့မှာ ဝယ်သူအား ချက်ချင်း ဆုံးဖြတ်ချက်ကာ ဝယ်ယူရန် ဖိအားပေးတတ်ကြသည်။ ထိုသို့ ဖိအားပေးမှုများကို ရှောင်ရှား၍ မိမိ စိတ်တိုင်းကျ အချိန်ယူ ကြည့်ရှု ဆုံးဖြတ်သင့်ပါသည်။
အချို့သော ကားရောင်းသူများမှာ လူအများ ပိုစိတ်ဝင်စားစေရန် ဈေးနှုန်းအား လျှော့ချ၍ ကြော်ငြာတတ်ပြီး ဝယ်ယူလိုသူမှ မေးမြန်းသောအခါ ဈေးမှား၍ ကြော်ငြာမိခြင်းဖြစ်ကြောင်း ပြောတတ်ကြသည်။ အချို့ကတော့ ထိုကြော်ငြာထားသော ဈေးနည်းသည့် ကားမှာ ရောင်းထွက်သွားပြီဖြစ်ကြောင်းနှင့် ဆင်တူကားအမျိုးအစားများကို ပိုများသော ဈေးဖြင့် ဝယ်ယူလိုသူအား ရောင်းတတ်ကြပြန်သည်။

(photo: flickr)
အားလုံး အပြီးအစီး ဈေးလား
မိမိဝယ်ယူမည့်ကားအား ပေးရမည့် ဈေးနှုန်းအပြင် အခြား မည်သို့သော ကိစ္စများအတွက် ပိုက်ဆံထပ်ပေးရမည်ကို ရှင်းရှင်းလင်းလင်း မေးမြန်းသင့်သည်။ ဥပမာ မိမိဝယ်ယူမည့် ကားဈေးသည် ဆိပ်ကမ်းအရောက်ဆိုပါက ဆိပ်ကမ်းမှ ထုတ်ယူခွင့် စသည့် အခြား မည်သည့် နေရာများတွင် ထပ်မံကုန်ကျမည်ကို သိရှိရန်လိုအပ်ပါသည်။ ပြည်တွင်းမှ ဝယ်ယူမည့် ကားများအတွက်လည်း အခြား စာရွက်စာတမ်းကြေး၊ ဝန်ဆောင်ခ စသည်ဖြင့် အပိုထပ်မံ ပေးရန်လိုမလိုအား တိတိကျကျ မေးမြန်းသင့်ပါသည်။
အဖြူအမဲ သည်းကွဲပါစေ
နောက်ထပ် အရေးကြီးသော အချက်မှာ ကားရောင်းသူမှ ပြောကြားချက်များအား သေသေချာချာ ရေးမှတ်ထားသင့်ပါသည်။ ထိုသို့ အဖြူအမဲ သည်းကွဲအောင် တိတိကျကျ မှတ်သားထားမှသာ အကြောင်းတစ်ခုခုကြောင့် လွဲမှားမှုများ ရှိလာပါက ရှင်းလင်းနိုင်မည်ဖြစ်သည်။ စာချုပ်စာတမ်းများအား လက်မှတ်မထိုးမှီ သေချာဖတ်ရှုပြီး မရှင်းလင်းသည်များရှိပါက သေချာအောင် မေးမြန်းသင့်ပါသည်။ နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြသနာများ၊
ခေါင်းခဲစရာများအား ရှောင်ရှားနိုင်ရန်အတွက် နှစ်ဦးနှစ်ဖက်လုံး သေချာသဘောတူညီမှု ရယူပြီးမှသာ စာချုပ်စာတမ်းများတွင် လက်မှတ်ထိုးသင့်ပါသည်။

(photo: flickr)
အထက်ပါ အချက်များအပြင် အခြား အရေးကြီးသော သတိထားဖွယ်ရာများလည်း ရှိနိုင်ပါသေးသည်။ ထို့အတွက် သင်တို့အနေဖြင့် အခြား အရေးကြီးသည်ထင်သော အချက်များ ရှိပါကလည်း အောက်တွင် မှတ်ချက်များရေး၍ အကြံပြုနိုင်ပါသည်။
4,880 total views, 1 today

ဟုတ်တယ်
ယခုကဲ့သို့အများပေါ်စေတနာထားပြောကြားပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ်။ နောင်မှာသိလိုတာတွေရှိရင်မေးပါရစေ။.
ယခုမှကားဝယ်ယူမည့်သူများကိုယ်စား အထူးကျေးဇူးတင်ပါသည်။ နောင်ကိုလည်း ကားဝယ်ယူရာတွင် သတိပြုစရာများကို ဖော်ပြပေးစေလိုပါသည်။.
document မှန် မမှန် ကို ကညန မှာသေသေချာချာစစ်ပြီးမှဝယ်တာက အရေးကြီးအချက်တခုလို့ ပြောချင်ပါတယ်။.
Modal နဲ့ Chassic No. မှန်မမှန် ဆိုတာ ၀ယ်သူ အနေနဲ့ သိဘို့ခက်ပါတယ်။.
what is the substitution plan after" Pa" plates? any one hear about that?
I totally agree with you, admin. Some people here in this site also advertise these cars at low prices even though they don't have a car. This is because of two reasons. 1. They want to mess up the market prices. 2. They want to buy these cars at lower prices. They are hoping other sellers to decrease the prices.
Be careful with mileage reduction. It is against the law here in the United States and, and nobody does it. But, in myanmar, I heard a lot of people did it. Whoever is chasing the low price vehicles, they will get these kind of junk cars. There is a saying "You got what you paid for".
Another thing is that some people advertise cars from website images even though they don't have cars. They want to scam all sellers. They want to get money first and then scam.
Thanks and may I known how to find a good agent for buy car.
နောက်တခု မရှင်းတာလေး သိတဲ့သူများ ဖြေပေးပါ။ ကားဟောင်းတွေဖျက်တော့ နံပါတ်ဟောင်းတွေ ဘာလုပ်ပစ်လဲ။ နံပါတ် အသစ်တွေဘဲထုတ်ပေးနေရင် ဖေါင်းပွမလာဘူးလား။ နောက်ဆုံးနံပါတ် ကိုစီးတာထက် Model ကိုစီးတာ ကမှန်လိမ့်မယ်။ နိုင်ငံခြားမှာတော့ ကိုယ့်ကားနံပါတ် ကို ကိုယ်ပိုင်တယ်။ နောက်ဝယ်တဲ့ကား ကို ကိုယ်ပိုင်တဲ့ နံပါတ်နဲ့ register လုပ်ပြီးစီးရတယ်။ ကားကိုဘဲ ဖျက်တယ်။ နံပါတ်မဖျက်တော့ ကားစီးရေတိုးလာတာ ကို control လုပ်ပြီးဖြစ်တယ်။.
အဲဒါမှန်တယ်သိလား ဟုတ်တယ်ဗျို. ဦးဇော်မိုးဆိုတဲ.သူကြီးက ပထမကားကို ၁၅၀ သိန်းလိုကြေညာတယ် ဖုန်းဆက်မေးတော. ဈေးမှားတင်တာတဲ.ဗျ ရောင်းမယ်.ဈေးက ၂၅၀လို.ပြောတယ်။ အခုကြေညာထားပြန်ပြီ ၁၉၀တဲ. ဟီးဟီး မယုံရင်ဒီမှာသွားကြည်.ပါ။ http://www.myanmarcarsdb.com/ads/crv-2001/. ပြီးရင်ဖုန်းဆက်ပြီးမေးကြည်.အဲလိုပဲဖြေမယ်လို.ထင်တယ် နော်။ လူလည်ကြီး ဟီးဟီး.
ကားနံပါတ်ကိုအဓိကထားစီးနေကြတဲ့ရွှေမြန်မာတို့ကိုလည်းဝိုင်းဝန်းအကြံပေးကြပါဦး။ ခေတ်မမီတော့တဲ့၊ ညံ့ဖျင်းတဲ့အတွေးအခေါ်ဟောင်းတွေကိုလည်းပြင်ပေးကြပါဦး။ ကားကအဓိကလား? နံပါတ်က အဓိကလား?။
ကားနံပါတ်ကိုအဓိကထားစီးနေကြတဲ့ရွှေမြန်မာတို့ကိုလည်းဝိုင်းဝန်းအကြံပေးကြပါဦး။ ခေတ်မမီတော့တဲ့၊ ညံ့ဖျင်းတဲ့အတွေးအခေါ်ဟောင်းတွေကိုလည်းပြင်ပေးကြပါဦး။ ကားကအဓိကလား? နံပါတ်က အဓိကလား?။
ယခုထက်ပိုတဲ့ အကြောင်းတွေရှိဦးမှာပါ။ကျေးဇူးပါဘဲ။
ကားတစ်စီးဝယ်တော့မယ်ဆိုရင် အများဆုံးမိမိသုံးနိုင်တဲ့ငွေပမာဏကိုချိန်ပြီး ယာဉ်အို/ယာဉ်ပောာင်းစလစ်ရှိရင် 1.5cc ဆိုရင် model2002ထိပဲဝယ်ပါ ကျော်သွားရင်အခွန်များသွားရော၊1.3ccလည်း2006အောက်မှကားဈေးသက်သာတာ 2010အထိသွင်းလို့ ရပေမယ့်၊ကားဝယ်တဲ့အခါမှာ ကိုသွားမှာမယ့်ကားcompanyရဲ့ အာမခံပေးနိုင်မှု့ က အရေးကြီးတယ် Taxi AA, BB သွင်းရင့်ကားတစ်စီးလုံးမှ သိန်6း0ကနေ 80ကြားမှာကားအမျိုးအစားတွေအများကြီးရှိတယ်၊စိတ်ဝင်စားလို့ ရှိရင် ရတနာလမ်းမ၊မလိခအိမ်ရာအနီး၊သင်္ဃန်းကျွန်းမြို့ နယ်မှာရှိတဲ့ Summit Life ကားcompanyကိုလာကြည့်လို့ ရပါတယ်ကျွန်တော်က ကားcompanyမှာ marketingပိုင်းကိုတာဝန်ယူလုပ်နေတာပါ၊ph no.09423503518ပါမသိတာရှိရင်မေးနိုင်ပါတယ်ခင်ဗျာ၊ကျေးဇူးတင်ပါတယ်။.
probox 2007ကိုသိန်း130အပြီးအစီး၊Nissan ADVan 2007ကို 130ကနေ140အပြီးအစီး၊Honda Fit2007ကို120၊.
2008-2009ကို135၊Belta ကို2007,1.3ccဆိုရင်160၊1.0ccဆိုရင်150၊Caldina 2000,2001,2002ဆိုရင်သိန်6း5ကနေ.
90ကြားအြ့ပီးအစီး၊Corona Premio 2002ပုံပြောင်းဆိုရင် 85သိန်းအပြီးအစီး၊အကုန်AA, BB Taxi ခိုင်းမယ်ဆိုရင် အား.
လုံးအပြီးအစီးမှ သိန်း50ကနေ သိန်း80ကြားအများကြီးရှာလို့ ရတယ်၊စလစ်ပေးပေါ့်။.