မင်္ဂလာပါ, visitor! [ Register | LoginRSS  |  Twitter

ကားတွေ တကယ်ပဲ များနေလား

| News | December 24, 2012

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ မော်တော်ယဉ်တင်းသွင်းခွင့်ဆိုင်ရာ မူဝါဒများ ပြောင်းလဲခဲ့သည်မှာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ ထိုမူဝါဒများကြောင့်ပင် နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့သည့် တန်ဖိုးကြီး ကားဟောင်းဈေးကွက်မှာလည်း မျှော်လင့်မထားသည့် အပြောင်းအလဲများနှင့်အတူ ဈေးကွက်အား များစွာကိုင်လှုပ်ခဲ့ပါသည်။ တမူထူးခြားသည့် မူဝါဒများနှင့်အတူ ပြည်တွင်းကားဈေးကွက်မှာလည်း များစွာ လှုပ်ရှားသွားခဲ့ပြီး ကားစီးနိုင်သူ လူဦးရေများ တစ်နေ့တခြား များပြားလာသည်မှာ ယနေ့ လမ်းမများပေါ်တွင် သွားလာနေသော ကားများကိုကြည့်လျှင် သိနိုင်ပါသည်။

ယခုအခါနိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းလာသော ကားဟောင်း ကားသစ်များ တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ ကားလမ်းများပေါ်တွင်လည်း ယခင်ကထက် ပို၍ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျှက်ရှိနေပြန်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှု ပြသနာမှာ နိုင်ငံတိုင်းလိုလိုတွင် ရှိနေတတ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ ကားအရေအတွက်၊ လူဦးရေ နှင့် အကျယ်အဝန်း စသည်တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ခံနိုင်ဖွယ်မရှိပါ။ အခြားနိုင်ငံများနှင့်ယှဉ်လျှင် မော်တော်ယာဉ်အရေအတွက်မှာ များစွာ နည်းပါးနေသေးသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားလာခြင်းမှာ အကြောင်းအရင်းပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်းမှာ ကားအရေအတွက်များပြားလာခြင်းကြောင့်ဟု ဆိုရပါလျှင် သဘာဝကျနိုင်ပါမည်လော။

 ယာဉ်စည်းကမ်းနှင့် လူစည်းကမ်း

ကားမောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း လိုက်နာရန်လိုသလို လမ်းသွားလမ်းလာများအနေဖြင့်လည်း စည်းကမ်းရှိဖို့လိုပါသည်။ သို့သော် စည်းကမ်းမရှိကြ၍ဟု ပြောနေရုံဖြင့် မပြီးပဲ အဖြေရှာ၍ တတ်နိုင်သမျှ လျှော့နည်းအောင်လုပ်ဆောင်ရပါမည်။ အခြားနိုင်ငံများတွင် ဘတ်စ်ကားမောင်းနှင်သူများမှာ လခစားများဖြစ်ကြ၍ အပြိုင်အဆိုင် မောင်းနှင်စရာမလိုပါ။ မြန်မာနိုင်ငံမှ ဘတ်စ်ကားမောင်းသူများမှာ လူများများတင်နိုင်မှ ပိုက်ဆံများများရနိုင်မည်ဖြစ်၍ အပြိုင်အဆိုင် အတင်းအကြပ် မောင်းနှင်ကြရသည်။ ထိုသူများကို စည်းကမ်းဖောက်ဖျက်၍ အပြစ်ပေးယုံဖြင့် ပြသနာမှာ ဖြေရှင်းမရနိုင်ပါ။ စည်းကမ်းလိုက်နာနိုင်ရန် ပညာပေးဖို့လိုသလို စည်းကမ်းလိုက်နာစေရန် စနစ်တစ်ခု ဖန်တီးပေးဖို့မှာလည်း အရေးကြီးပါသည်။

လမ်းဘေးပလက်ဖောင်းများ ပေါ်တွင် လမ်းလျှောက်ရန် မဖြစ်နိုင်၍ ကားလမ်းပေါ်တွင် လူအများ လမ်းလျှောက်သွားလာကြရသည်။ လူကူးမျဉ်းကြားမှ မကူးလျှင် အဖမ်းခံရနိုင်သော်လည်း ထိုလူကူးမျဉ်းကြားတွင်ပင် အရှိန်ဖြင့် ဖြတ်သန်းနေကြသော ကားများအကြား အန္တရယ်များအကြား ကူးဖြတ်နေကြရသည်မှာလည်း အဘယ်ကြောင့်နည်း။ ပြည်သူများအား စည်းကမ်းလိုက်နာစေလိုပါက စည်းကမ်းလိုက်နာနိုင်စေရန် အခြေခံအုပ်မြစ်များ စနစ်တကျ တည်ဆောက်ပေးရန်မှာလည်း အင်မတန်လိုအပ်လှပါသည်။

လကမ္ဘာအလား ကားလမ်းများ

ကားမောင်းနှင်ရန်လမ်းများသည် ကားအမှန်တကယ်မောင်းနှင်နိုင်စေရန် လိုအပ်ပါသည်။ ချိုင့်ခွက်များ၊ အဖုအထစ်များပြည့်နှက်နေသည့် လမ်းများပေါ်တွင် ပုံမှန်မမောင်းနှင်နိုင်သည့်အခါ လိုရာခရီးမရောက်ပဲ ယာဉ်ပိတ်ဆို့မည်မှာ မလွဲပေ။ ၁၂ရာသီ ပြုပြင်နေရသော ကားလမ်းများ ရန်ကုန်မြို့ပေါ်တွင် မရေတွက်နိုင်အောင် ရှိနေခြင်းသည် ယာဉ်ပိတ်ဆို့မှုပြသနာ၏ အကြောင်းတစ်ရပ်ဖြစ်နေပါသည်။

ကားရပ်နားရန် နေရာများ

ရန်ကုန်မြို့ထဲရှိ မြို့နယ်များတွင် အင်္ဂလိပ်ခေတ်ကပင် တည်ဆောက်ခဲ့သော အထပ်နိမ့် အိမ်ယာများမှာ ယခုအချိန်တွင် များစွာ ပြောင်းလဲသွားပြီး အထပ်မြင့်အဆောက်အဦးများ နေရာယူလာကြသည်။ သို့သော် လမ်းများမှာ ပိုမကျယ်လာသလို ကားရပ်နားရန် နေရာများလည်း ထည့်သွင်းတည်ဆောက်ခဲ့ခြင်း မရှိကြပါ။ လမ်းကျဉ်းလေးထဲတွင် ရပ်နားထားသော ကားများအကြား ရှေ့သို့ရောက်ရန် မနည်းမောင်းနှင်နေရလျှင် ထိုလမ်းများ ပိတ်ဆို့နေရသည်မှာ မဆန်းပါ။ ခေတ်အဆက်ဆက် Urban Planning မရှိခဲ့ပဲ တည်ဆောက်ခဲ့ကြသည့် ကန်ထရိုက်တိုက်များ၏ အကျိုးဆက်ကို လက်ရှိအချိန်တွင် ခံစားနေကြရခြင်းဖြစ်ပါသည်။

ဘယ်သူစည်းကမ်းထိန်းမှာလဲ

ယာဉ်စည်းကမ်းများထုတ်ထားလျှင် လိုက်နာရမည်။ ထိုသို့မလိုက်နာပါက ထိုက်သင့်သလို အရေးယူမှုများ ပြုလုပ်ရပါမည်။ သို့သော် မည်သူတွေက အရေးယူမည်နည်းဆိုသည့် မေးခွန်းမှာ လွယ်မယောင်နှင့် ခက်နေပြန်ပါသည်။ စည်းကမ်းဖောက်မှု အလွန်များသည့် ဘတ်စ်ကားများနှင့် လည်းကောင်းတို့ကို အရေးယူရမည့် ပုဂ္ဂိုလ်များ အပြန်အလှန် အပေးအယူတည့်နေကြသည်မှာ အံ့သြဖွယ်ရာပင်။ မကြာခဏပျက်တတ်သည့် မီးပွိုင့်များတွင် ယာဉ်လမ်းကြောအား ကူညီဖြေရှင်းပေးမည်သူမရှိပဲ ဦးရာလူစနစ်ဆန်ဆန် မောင်းနှင်နေရသည်မှာလည်း အန္တရာယ်များလှသလို လမ်းပိတ်ဆို့မှုဖြစ်စေပါသည်။

အချုပ်အားဖြင့် ဆိုရသော် ကားများ များပြားနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေသည်ဟု ဆိုခြင်းမှာ မီးတောင်အပေါက်ဝရှိနေသောကြောင့် မီးတောင်ပေါက်ကွဲရသည်ဟု ယူဆခြင်းနှင့် အတူတူဖြစ်နေပါလိမ့်မည်။

Photo credit mckaysavage

No Tags

3,361 total views, 1 today

Print

19 Responses to “ကားတွေ တကယ်ပဲ များနေလား”

  1. အပြည်အ၀ ထောက်ခံပါတယ်။ ဒီဆောင်းပါကိုတော့ အရည်ကြို လက်ခံလောက်မယ်ထင်တယ်။.

  2. လူအများအသုံးများတဲ့လမ်းဆုံတွေမှာဂုံးကျော်တံတါးဆောက်ပေးလိုက်ပါ။

  3. မြေညီထပ်မှန်သမျှ ၊ပလက်ဖောင်းမှန်သမျှ ဆိုင်ဖြစ်နေတာလည်းအကြောင်းတခုပဲ.

    • အဲဒါထက်ဆိုးတာ…..အိမ်ရှေ့၊ဆိုင်ရှေ့တွေမှာ….ခုံတွေချပြီး..ဟိုဘက်ဒီဘက်.၀ါးလုံးတွေတန်းထားပြီးနေရာတွေဦးထားပါတယ်…ကိုယ့် အိမ်ရှေ့ကေ၇မြောင်းကျော်ရင်..စည်ပင်မြေကိုတောင်သူပိုင်ငါပိုင်ဆိုပြီး…သူ့ ကားကလွဲ၇င်မည်သည့် ကားမျှ၇ပ်လို့ မ၇ပါ…..လမ်းကလည်းကျဉ်းပြီးဟိုဘက်ဒီဘက်၇ပ်ထားတော့ ..ကားတွေဘယ်လိုမှရှောင်လို့ မရလို့ …..ဒီတစ်ပတ်ကပဲ….စမ်းချောင်း..ဆီဆုံလမ်းထဲမှာtaxi..အချင်းချင်းငြိကြပါလေေ၇ာ…..နေ့ စဉ်လိုလိုကြုံနေ၇ပါတယ်…..တချို့ ဆို..ကိုယ်နေရာကိုသူများလာဦးမှာဆိုးလို့ ဆိုပြီးနေမအိပ်ညမအိပ်…အိမ်ထဲကနေကင်းစောင့် နေတဲ့ သူတွေတောင်ရှိတယ်……အံ့ရော…(သေရင်ဘာမှမပါသွားဘူးဆိုပြီးတော့ လည်းပြောသေးတယ်)…သူတို့ က

  4. U Aung Aung ကိုပြောလိုက်ချင်သေးတယ် ရန်ကုန်တစ်မြီု့ ထဲမကြည့်ပါနဲ့  နယ်တွေမှာဆင်းလေ့လာပါအုံး..ရန်ကုန် တနေရာထဲဆိုရင်လက်ခံပါတယ်..

  5. Exactly………….. (y)

  6. ကောင်း၏။ မှန်၏။ထောက်ခံ၏။

  7. Myint Myatthu on December 27, 2012 @ 9:04 am

    စည်းကမ်းမလိုက်နာကြတာအများဆုံးပါဘဲ

  8. မြန်မာတွေစည်းကမ်းဖောက်လို့ထီးနန်းပျောက်ခဲ့ရပြီ။ထပ်ပြီးတော့စည်းကမ်းဖောက်နေမယ်ဆိုရင်ဘာဖြစ်မလဲတွေးတောင်မတွေးရဲဘူး

    • လူမျိုးပါ ပျောက်မှာထင်တယ်. ခုတောင် တရုတ်နဲ့ကုလား ကတော်တော်များလာပြီနော့

  9. လမ်းကအဆင့်မမှီလို့ကားကျပ် ရတာပါ စည်းကမ်းဆိုတာကလိုက်နာဖို့အဆင်ပြေမှလိုက်နာကြမှာပါ စည်းကမ်းလိုက်နာပြီးညထိအောင် ကားပိတ်မိနေမယ်ဆိုရင် သင် လဲစည်းကမ်းဖောက်ပြီးဇွတ်ကျော်တတ်မိမှာပါ လမ်းတွေကကျယ်ပြီး ကောင်းနေရင် မီးပွင့်တွေစနစ်တကျရှိရင် အဆင်ပြေမှာပါ

  10. Starline Starline on January 10, 2013 @ 2:59 am

    car top buy chin par tal but zaykatyankyi nay tal.

  11. ကားစီးရေးများတယ်လို့ပြောရင်…ဟာသတခုပြောနေသလိုပဲ…လူဦးရေနှင့်အချိုးချကြည့်ပါက….ကားအရေအတွက်မှာ လက်တစ်ဆုပ်စာလူတန်းစားတရပ်ပဲ ၀ယ်စီးနိုင်သေးတာပါ။ ကျန်တဲ့အချက်အလက်တွေကတော့…အစကတည်းက ဖြစ်ပျက်နေတာပါ..သတိမထားမိလို့ပါ…

  12. ရန်ကုန်မှာကားများနေရင်..တင်သွင်းတာရပ်ဆိုင်းရတော့ မှာပေါ့ နော်…တစ်ခြားမြို့ ကရော………

  13. မြန်မာပြည်မှာ (၅~၁၀)နှစ်လောက်ဟောင်းနေတဲ့ကားတွေကို ဒေါ်လာသောင်းချီပေးဝယ်စီးနိုင်တာဆိုလို့ ရန်ကုန်မြို့က အများဆုံးပဲ…

  14. တို့နိုင်ငံကားပေါတယ်ဆိုတာ သူများနိုင်ငံကအရည်ကျိုစက်ထဲရောက်သွားတဲ့ကားရဲ့ 1/infinity တောင်မရှိဘူး။ ကန်တော့ပါရဲ့

  15. ကန်းတယ်…အဲဟုတ်ပေါင် အရမ်းတကာင်းတယ်
    ဒီဆောင်းပါးလေးသာ တာဝန်ရှိသူတွေဖတ်မိရင်……
    တော်ပါ နွားပဲ ပလာတာသွားကျွေးတော့မယ်:p

နောက်ဆုံး သတင်းများ

  • News This Week

    တစ်ပါတ်အတွင်း ကားလောကသတင်း

    by on May 9, 2013 - 2 Comments

    ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။ သတင်းထူးများမှာတော့: CNG ယာဉ်များသက်တမ်းတိုးရန် အဆင်ဖြေလျှော့ခြင်း Taxi တွေအတွက် အထူးနှု...

  • Totaled cars are imported from Japan

    ပျက်စီးဂျပန်ကားများ တင်သွင်းဟုဆို

    by on May 8, 2013 - 4 Comments

    ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ပျက်စီးနေသည့် ယာဉ်များကိုပြုပြင်ပြီး ပြန်လည်ရောင်းချရန် ပြည်တွင်းယာဉ်ရောင်းချရေး ကုမ္ပဏီ သုံးခုက တင်သွင်းလာကြောင်း မော်တော်ယ...

  • 7102431131_02f1c368e3

    မြန်‌မာနိုင်‌ငံသို့ Ford လာပြီ

    by on May 1, 2013 - 8 Comments

    US ကားထုတ်‌လုပ်‌ရေး ကုမ္ပဏီ Ford သည်‌ မြန်‌မာနိုင်‌ငံသို့ ဝင်‌‌ရောက်‌‌တော့မည်‌ဖြစ်‌‌ကြောင်း ‌ကြေငြာလိုက်‌ပါသည်‌။ Ford သည် ၁၉၀၃ မှ စတင်ကာ အမေရိကန်နိုင်ငံတွင် မော...

  • 3244478841_6999807da2

    ယာဉ်ကြောပြဿနာကြောင့် အဌားယာဉ်များ မီတာစန...

    by on April 30, 2013 - 3 Comments

    ရန်ကုန်မြို့တော်တွင် အနာဂတ်ဖြစ်ပေါ်လာနိုင်သည့် ယာဉ်ကြောအခြေအနေကို မခန့်မှန်းနိုင်သောကြောင့် အဌားယာဉ်များတွင် မီတာစနစ်ဖြင့် ယာဉ်စီးခကောက်ခံရန် အခက်အခဲရှိကြောင်းေ...

  • Tire code

    ကားတာယာတွေ ဘေးမှာရေးထားတဲ့ စာတွေက ဘာတွေလ...

    by on April 27, 2013 - 11 Comments

    ယခင်တစ်ပါတ်က ကျွန်တော်တို့ Facebook Page မှာ share ခဲ့သည့် tyre code များကြည့်နည်းကို လူနှစ်သက်ကြတာ သိရတဲ့အတွက်၊ Facebook မှာ မတွေ့လိုက်ရသူ MyanmarCarsDB ၏ ဧည့်...