တိုယိုတာကုမ္ပဏီ Hybrid ကားအရောင်း စံချိန်တင်
ဂျပန်ကားကုမ္ပဏီကြီးToyota သည် ၁၉၉၇ ခုနှစ်မှစပြီး ယခုအချိန်အထိ Gaia friendly Prius hyrbirds ကားပေါင်း လေးသန်းကျော်ကို တစ်ကမ္ဘာလုံးသို့ ရောင်းချပြီးဖြစ်ပါတယ်။
Cameron Diaz, Jukia Roberts, Natalie Portman, Tom Hanks, Lenonardo Di Caprio စတဲ့ နာမည်ကျော် မင်းသား၊ မင်းသမီးတွေဟာ အဲဒီ Prius Hyrbid ကားအမျိုးအစားပိုင်ဆိုင်သူများ စာရင်းထဲမှာ ပါကြတယ်။ Prius Hyrbid ကားကို ပိုင်ဆိုင်သူ အကျော်အမော်များကလည်း “ဟောလိဝုဒ် ရဲ့  Ethical အကျဆုံး ပြယုဂ် celebrity” ဆိုပြီး တင်စားနေကြပါတယ်။ ကောလဟလအဖြစ်ထွက်ပေါ်နေတာကတော့ တိုက်တန်းနစ် မင်းသားဟာ Prius Hybrid ကားငါးစီးတောင် ပိုင်ဆိုင်တယ် ဆိုတာပါပဲ။
တရားဝင် စာရင်းဇယားများအရတော့ တိုယိုတာ ကုမ္ဗဏီဟာ ၂၀၁၂ ခုနှစ်ရဲ့  ပထမ(၄)လ အတွင်းမှာပဲ hybrid ကားပေါင်း ၄၂၅၀၀၀ စီးကိုရောင်းချနိုင်ခဲ့ပါတယ်။ ဒါဟာ တိုယိုတာ ကုမ္ဗဏီရဲ့  တစ်ကမ္ဘာလုံးရောင်းတမ်းရဲ့  ၁၅ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ Toyota ဟာ ယခုလက်ရှိ နိုင်ငံပေါင်း ၈၀ ကျော်မှာ hybrid ကားပေါင်း ၁၉ စီးရောင်းပြီးပါပြီ။ ပထမကားတစ်သန်းရောင်းဖို့ ဆယ်နှစ်တောင် အချိန်ယူခဲ့ရပေမဲ့ ယခုအခါလူကြိုက်များ အားပေးမှုကြောင့် Toyota ဟာ Prius Hyrbid ကားပေါင်း သုံးသန်းကျော်ကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာပဲ ရောင်းချနိုင်ခဲ့ပါတယ်။
မိတ်ဆွေတို့လည်း ပတ်ဝန်းကျင်ကိုထိန်းသိမ်း၊ မင်းသားမင်းသမီးတွေစီးတဲ့ကားဆိုပြီး ကြွားလို့ရအောင် Hybrid ကားတွေပဲ စီးကြဖို့ တိုက်တွန်းပါတယ်။ Honda Insight နဲ့ Prius နဲ့ ဘယ်ဟာကို ပိုနှစ်ခြိုက်လဲဆိုတာလဲ ၀င်ရောက်ဆွေးနွေးကြပါဦး။
3,731 total views, 3 today


Toyota Prius က ပိုကောင်းပါတယ်… ခက်တာက Prius ရဲ့ အင်ဂျင်ပါဝါက 1800 cc နဲ့  1500 cc ဖြစ်နေတော့ Honda Insight လို 1300 cc တွေလို Model ခပ်မြင့်မြင့် သွင်းလို့ မရ ဖြစ်နေတယ်.
Nissan Leaf လို EV ( Electric Vehicle ) တွေလဲ သွင်းလာကြဖို့ မျှော်လင့်ပါတယ်…. Zero Emission..ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလဲ ရောက်ပါတယ်.
Toyota Prius ကိုပိုကြိုက်တယ်.
toyota ko po kyite tal.
honda insight ka po kaung par tal.
The prize of cars are so chief, oversea actors were so poor.
Toyota Prius ကိုပိုကြိုက်တယ်..ဝယ်စီးချင်တယ်…သွင်းတဲ့သူများရှိပါသလား.
toyotapriusဈေးတင်ပေးကြပါဝယ်ချင်လို့ပါ
Prius က အင်ဂျင်ပါဝါ Insight ထက် ပိုကြီးပေမယ့် ဆီစားမှာ ပိုသက်သာတယ်လို့ catalouge မှာ သိရတယ်။.
ကားရဲ့ ကြံ့ခိုင်မှုက ရေရှည်မှာ Prius က ပိုသာလိမ့်မယ်။.
ကား ကတော့ environment အတွက် friendly ဖြစ်ပါတယ်.environment (လမ်းတွေ)ကရော ကား အတွက် friendly ဖြစ်ရဲ့လားလို့…..