မင်္ဂလာပါ, visitor! [ Register | LoginRSS  |  Twitter

အသုံးပြုရန်အညွှန်း

ကားကြော်ငြာ အသစ်တင်ခြင်း

အောက်ပါအဆင့်များကို လုပ်ဆောင်ခြင်းဖြင့် ကားကြော်ငြာအသစ်များကို အလွယ်တကူ တင်နိုင်ပါသည်။

၁။ MyanmarCarsDb.com website ၏ညာဘက် အပေါ်ထောင့်ရှိ ကြော်ငြာတင်ရန် ဆိုသောခလုတ်ကိုနှိပ်ပါ။

၂။ login မ၀င်ရသေးပါက မိမိ၏ username နှင့် password ကိုဖြည့်ပြီး login ၀င်လိုက်ပါ (login ၀င်ပြီးသားဖြစ်ပါက ဤအဆင့်ကို ကျော်နိုင်ပါသည်)။

အကယ်၍ MyanmarCarsDb.com တွင် register မပြုလုပ်ရသေးပါက ဤ website ၏ ပေါ်ညာဘက်ထောင့်ရှိ register ဆိုသောခလုတ်ကို နှိပ်၍ register လုပ်နိုင်ပါသည်။ (register  ပြုလုပ်ခြင်းသည် အခမဲ့ ဖြစ်ပြီး အချိန်တစ်မိနစ်ခန့်သာ ကြာနိုင်ပါသည်။)

၃။ ကားကြော်ငြာအသစ်တင်ရန် ဆိုသော page တွင် ရောင်းလိုသော ကားအမျိုးအစား ကိုရွေးချယ်ပါ။

၎။ သင့်ကား၏ အချက်အလက်များကို ဖြည့်စွက်ပါ။ ကားဝယ်ယူလိုသူများ အဆင်ပြေစေရေးအတွက် သင်ရောင်းလိုသောကား၏ ဓါတ်ပုံအား ထည့်သွင်းပေးရန် တိုက်တွန်းလိုပါသည်။

၅။ နောက်ဆုံးအဆင့်အနေဖြင့် သင့်ကားကြော်ငြာ အသေးစိတ်အချက်အလက်များကို ပြန်လည်စိစစ်နိုင်ပါသည်။ ပြီးလျှင် Finish ဆိုသော ခလုတ်ကိုနှိပ်လိုက်ပါ။ သင်၏ကားကြော်ငြာသည် MyanmarCarsDb.com တွင်တင်ပြီးသွားကြောင်း မြင်ရပါမည်။

(လက်ရှိ Promotion ကာလအတွင်း ငွေကုန်ကြေးကျ တပြားမှမကုန်ကာ သင်၏ကားကြော်ငြာများကို အခမဲ့ တင်နိုင်ပါသည်။)

၆။ သင်၏ကားအား ရောင်းချပြီးသွားပါက “ကြော်ငြာများ စီမံခန့်ခွဲရန်” ဆိုသော page တွင် ရောင်းပြီးဖြစ်ကြောင်း အသိပေးပါရန်။