 Kyaw zay ya
|
Coolant ဆိုတာ ဘာလဲ သေချာသိရင် ပြောပြပေးကြပါဦး.. သူ့အစားရေ ထည့်လို့ကောရနိုင်မလား.. အဲလိုထည့်ရင် ဘာတွေဖြစ်လာနိုင်လဲ.. Coolant ကိုဘယ်မှာဝယ်လို့ ရမလဲ .. ကူညီကြပါဦးခင်မျ
|
 blackseacity
|
ဘယ်ကားအတွက်သုံးမှာလဲခင်ဗျာ…coolant မျီုးစုံ ဘုရင့်နောင်ကားပစည်းရောင်းတဲ့ဈေးဝန်းထဲမှာရှိပါတယ်..အင်ဂျင်ဝိုင် ရောင်းတဲ့ဆိုင်တွေကို မေးရင် ပြောပြပါလိမ့်မယ်..မေးကြည့်ပါ
|
 diablo
|
၇မိုင် ကုန်းမြင့်ရိပ်သာလမ်းထဲက Dr Elephant Servicing မှာဝယ်လို့ရပါတယ်
|
 Agera
|
If u have coolant water over half in the coolant box, u can mix with purified drinking water. The coolant is only good for cold country like Japan, Korea, etc. In Myanmar, our weather is mostly hot and wet. Thus, we don’t need pure coolant to add. The pure coolant is designed for not to freeze at 0 temperature. But, if u want to use only coolant water, u can have
|
 kogyi
|
very good advice …thanks ko Agera…
|
 KoThetWin7
|
Coolant About !!!!
ကားအင်ဂျင် ရဲ့အအေးပေးစနစ်ကို လေနဲ့သော်၎င်း၊ရေနဲ့သော်၎င်း စနစ်၂မျိုးနဲ့ပေးရပါတယ်။ vw နဲ့ mazda B.600 ကားများက လေနဲ့အအေးပေးရပါတယ်။ ကျန်ကားအတော်များများကတော့ ရေ နဲ့အအေးပေးရပါတယ်၊ Air Cooling system ,
Water Cooling system ဆိုပြီးရှိတယ်ပေါ့ဗျာ၊ Water Coolin system ရေတိုင်ကီပါတဲ့ကားများကိုအခုအခါမှာ ရေထည့်မသုံးတော့ပါဘူး၊
Coolant ဆိုတဲ့ ဓါတုဗေဒဆေးရည် တမျိုးကိုသုံးထားပါတယ်၊ ဓါတုဗေဒ အခေါ်ကတော့ အီိသိုင်လင်းဂလိုင်ကောလို့ ခေါ်ပါတယ်၊သူ့မှာ
လည်း အဆင့်သတ်မှတ်ချက်တွေ အမျိုးမျိုးရှိပါသေးတယ်။ဒေသအလိုက်၊ရာသီဥတုအမျိုးမျိုးအတွက်ပေါ့ဗျာ၊ အင်ဂျင်ဝိုင်တွေလိုဘဲပေါ့၊
အနီရောင်၊အပြာရောင်၊အစိမ်းရောင်လေးတွေ မြင်ဘူးပြီးသားပေမဲ့ အခု မော်ဒယ်မြင့်ကားတွေ များများရောက်လာမှစိတ်ဝင်စားလာတာ
ကိုတွေ့ရပါတယ်၊ Coolant ကို japan car များသုံးလာတာ1970 နောက်ပိုင်းလောက်ကထဲကတွေ့လာရပါတယ်။ Datsun Sunny,
Datsun 1500, Hilux Pick Up ဆိုတဲ့ကားများကစပြီးသတိထားမိပါတယ်၊ Coolant ရဲ့ဂုဏ်သတ္တိက ရေဆူမှတ်မြင့်ပါတယ်။ ၁၀၀ ဒီဂရီမှာ
မဆူပါဘူး၊ သုည ဒီဂရီမှာ မခဲပါဘူး။ ဒါ့အပြင် သူ့ရဲ့အထူးဂုဏ်သတ္တိကတော့ သံချေး၊ သတ္ထုချေးမတက်တာပါဘဲ၊( အောက်စီဒေးရှင်း)
O2 နဲ့ဓါတ်ပြုမှု အလွန်နဲပါးပါတယ်။ USA, ENGLAND,နဲ့ ဥရောပကားများဟာ သံ၊ သံမဏိကို အဓိကထားပြီးတည်ဆောက်ထားကြလို့
အကြမ်းလည်းခံနှိုင်၊ကြာရှည်လည်းခံကြပါတယ်။ဈေးလည်းကြီးပါတယ်၊ သူတို့ကားများဟာပစ္စည်းကိုအခြေခံထားပြီးထုတ်လုပ်တည်
ဆောက်ခဲ့ကြပါတယ်။ Japan car များကတော့နည်းပညာကို အဓိကထားခဲ့ပါတယ်။ သံ၊သံမဏိများဟာအကြမ်းခံ၊အဆွေးမြေ့ဒါဏ်လည်း
အတော်ခံနှိုင်ပါတယ်၊England,USA ကားများကအင်ဂျင်ဘလောက်ရောအင်ဂျင်ဟက်များပါ သံများဖြစ်ကြပါတယ်။
ဒါကြောင့်ရေ နဲ့ သုံးလည်းရပါတယ်။ Japan car များကသတ္ထု အသုံးများပါတယ်။ အဓိကရေလမ်းကြောင်းရှိတဲ့ အင်ဂျက်ဟက်များဖြစ်
ကြပါတယ်၊။ ဒါကြောင့်မို့ Japan car များကိုတော့ အော်ရီဂျင်နယ်မူမပျက်မချင်းအမြဲတန်း coolant နဲ့ ဘဲသုံးစေချင်ပါတယ်။
coolant နဲ့ အင်ဂျင်ရေလမ်းကြောင်ထဲက သာမိုစတက် ဆိုတဲ့ ဇာတ်လိုက်တကောင် နဲ့လည်းဆက်စပ်မှုရှိနေပါသေးတယ်။ လင်မယား
လို့သဘောထားရင် ရတယ်ခင်ဗျ၊ သူတို့ ၂ ယောက် ကောင်းကောင်းညားနေရင်အင်ဂျင် တော်တော်နဲ့မကျဘူးခင်ဗျ၊ လက်တွေ့ !
auto fan ကလည်းဇာတ်ရံပါသေး။ သူကလည်းအမြဲမလည်ရပါဘူး။လိုအပ်မှလည်ပေးရမှာ။ ဒါပေမဲ့ရွှေမြန်မာတို့ကတော့အမြဲလည်မှ
ကြိုက်နေကြပါတယ်။ အင်ဂျင်တွေမှာ အနိမ့်ဆုံးအပူချိန်တခုမလွဲ မသွေ လိုအပ်ပါတယ်။ Normal Operating Temperature { N.O.T }
လို့ခေါ်ပါတယ်။ အင်မတန်အရေးကြီးပါတယ်။ လူမှာဆိုရင် warming up ပေါ့ဗျာ၊ အဲဒီ { NOT }ကိုအမြဲတစေရှိနေစေဘို့ အဲဒီလင်မယား
ကတာဝန်ယူထားပါတယ်။ 92 စင်တီဂရိတ်အထိလို့မှတ်ထားရင်ရပါပြီ၊ 92 စင်တီဂရိတ် ကျော်မှ သာမိုစတက် ကိုပွင့်စေပြီး ရေကိုလည်
စေတဲ့သဘောပါ၊ ကဲ- ကျော်ရင် ဘာဖြစ်မလဲ ? ကျော်ရင်ပူလာမှာပေါ့၊ ပူလာရင်ရေလည်းဆူလာတော့မှာပေါ့၊ Don’t worry !!
စိတ်မပူပါနဲ့ ၊ နည်းပညာနဲ့အစစအရာရာ စီစဉ်ပြီးသားပါ ၊၊ ———————————————————- သာမိုစတက်ပွင့်တာနဲ့
တပြိုင်နက် auto fan ကထလည်ပေးပါတယ်။ ၁၀၀ ဒီဂရီအထိ အရောက်မခံပါဘူး၊ ပြန်အေးသွားပါတယ်။ { N.O.T } ကိုပြန်ရောက်သွား
ပါတယ်။ { N.O.T } ဆိုတာကားမှာပါတဲ့ Temp: ဒိုင်ခွက်ထဲကလက်တံ တ၀က်မရောက်တရောက်ရှိနေတာကိုခေါ်ပါတယ်၊ စနစ်တခုလုံး
ကောင်းနေသ၍ ဒီနေရာကဘယ်တော့မှကျော်မသွားပါဘူး၊Temp: ဒိုင်ခွက်ထဲကလက်တံ တ၀က်မရောက်တရောက်ရှိနေတာကို heat
တက်တယ်ဆိုပြီးတော်တော်များကလက်မခံကြဘဲ သာမိုစတက် ကိုဖြုတ်လိုက်ကြတာများပါတယ်။ auto fan ကိုလည်းရေတိုင်ကီကဆော့
ကက်ဖြုတ်ပြီး ever run ခိုင်းလိုက်သေး ၊ဟေး ဟေး !!
ဒီတော့ { N.O.T } ဆိုတာမရှိတော့လို့ ????
ကားစထွက်ထွက်ချင်းအင်ဂျင်ရဲ့ပွန်းစားမှုနှုန်းတွေမြန်ကုန်ပါတော့တယ်၊ ဆီစားလည်းများသွားပါတယ်။ စွမ်းအားလည်းကျသွားပါတယ်၊
အထွက်မကောင်းပါဘူး၊ကြုံဘူးကြမှာပါ၊ စနစ်အခေါ်အဝေါ်ကစလို့ ပြောင်းထားပါတယ်။ ရေနဲ့အေးတဲ့စနစ်မဟုတ်တော့လို့ water cooled
engine လို့မခေါ်တော့ဘဲ liquid cooled လို့တောင် ပြောင်းခေါ်ထားပါပြီ၊ coolant ဟာ water မဟုတ်လို့ liquid လို့ခေါ်ထားပါတယ်။
ရေလမ်းကြောင်းတလျှောက်လုံး coolant မဟုတ်တော့ရင် water များလာရင် ရေဂျိုးများရှိလာနှိုင်လို့ – သာမိုစတက်လည်းမပွင့်နှိုင်တော့
အခြေအနေရောက်မှသာ-သာမိုစတက်ကို ဖြုတ်သင့်ပါတယ်၊ ဒါဆိုရင်{ N.O.T } ဆိုတာမရှိနှုင်တော့လို့အင်ဂျင်သက်တမ်းလည်းတိုတောင်း
သွားနိင်လို့ – မူရင်းအခြေအနေတိုင်းကိုပြန်လည်ရောက်ရှိအောင်တတ်နိုင်သလောက်ပြန်လည်ထိန်းသိမ်းပေးနိုင်ရင်တော့အကောင်းဆုံး
ဖြစ်ကြောင်းကို အတွေ့အကြုံများကို အခြေခံပြီး ၀ါသနာ နဲ့ လက်တွေ့ ပေါင်းစပ်ပြီး ဖြန့်ဝေလိုက်ပါတယ်။
အဆင့်မြင့် ကားကောင်း စီးနေကြတဲ့ သူများ သိထားသင့်ထားတယ်လို့ ယူဆပါတယ်ခင်ဗျား !!!!! { ko.thetwin7@gmail.com }
|
 KoThetWin7
|
Coolant လို့ခေါ်တဲ့ { အီသိုင်လင်းဂလိုင်ကော – ဓါတုဆေးရည် }
နောက်ပိုင်းခေတ်ပေါ်ကားများ၏ အင်ဂျင်အအေးပေးစနစ် မှာ- ရေဒီရေတာလို့ခေါ်တဲ့ ရေတိုင်ကီထဲကိုရေအစား ပြောင်းလဲသုံး စွဲ နေတဲ့ { Coolant } အီသိုင်းလင်းဂလိုင်ကော ဆိုတဲ့ဓါတုဆေးရည် ဟာ အင်ဂျင် သက်တန်းရှည်အောင်ထိန်းသိမ်းပေးပါတယ်။ အင်ဂျင်ဝိုင်ပြီးရင်
ဒုတိယ အရေးကြီးဆုံးဆိုတာကို တော်တော်များများသဘောမပေါက်ကြသေးပါဘူး၊ Japan used cars များ ဒီကိုရောက်ရောက်ချင်းဒေါင်ဒေါင်မြည်ကောင်းနေကြပြီး နောက်ပိုင်း ယခင်ကအတိုင်းရေကိုဘဲပြန်သုံးကြတဲ့အခါ မှာထူးခြားချက်တွေကိုသိလာကြမှာပါ။ သူ့ရဲ့ကောင်းကျိုးဆိုးကျိုးကိုသိကြလို့ မြန်မာပြည်မှာ- UN နဲ့ သံရုံး က ကားများသာ coolant ကိုစနစ်တကျသုံးစွဲနေကြတာကိုဘဲမြင်ဘူးပါသေးတယ်။
|
 bucati8000
|
ကျွန်တော်နာမည် သက်မင်းဇော်ပါ korea service center လုပ်နေတာ ၁၅ နှစ်ကျော်ရှိပါပြီ ကျွန်တော်သိတာလေး နဲနဲ ပြောပါရစေ အပေါ်ကko thet win ပြောထားတာတွေ
အားလုံး ဟုတ်ပါတယ် coolant ဆိုတာ အေးတဲ့ country မှာပဲအသုံးဝင်တာ မဟုတ်ပဲ သူက ရေကိုတော်တော်နဲ့မပူစေပဲ heat ကိုထိန်း ထားနိုင်ပါတယ် အဓိက rust
သံချေးတက်ချင်း ကိုကာကွယ်စေပါတယ် ဒီမှာ ကျွန်တော့် အတွေ့ကြုံအရ သံချေး တခါတက်ဘူးတဲ့ engine က coolant အသစ်လဲ လဲမရပါဘူး ဆက်တိုက်တက်တော့တာပဲ
နောက်ပြီး coolant ကို သူ့ပဲ ထည့်လို့မရပါဘူး သူကအဆီ ဖြစ်တဲ့အတွက် ရေနဲ့ရောရပါတယ် coolant ဘူး
မှာကြည့်ရင်ရေးထားပါတယ် -14c မှာ coolant 30% water 70% . -27 c မှာ coolant 40% water 60% . -34cမှာ
coolant 50% water 50% . -45c မှာ coolant 60% water40% ရောထည့်ရမှာပါ coolant ပဲထည့်မယ်ဆိုရင် အရမ်းပြင်း
တဲ့အတွက် အလူမီနီယမ် ပိုက်တွေစားသွားစေပါတယ် နောက်တခုက ဒီမှာတော့ ရေနဲ့ရောတဲ့အခါမှာ သောက်ရေသန့်ကိုလဲ မသုံး
ပါဘူး အဝီစီတွင်းရေ လဲသုံးလို့မရပါဘူး ဒီရေတွေထဲမှာ သံချေးတက်စေတဲ့ ဓာတ်တွေပါလို့ ရေရောတဲ့ အခါမှာ မြို့တော်ရေလို့ခေါ်
တဲ့ မြန်မာ မှာဆိုရင်ချိုးဖြူရေ လို့ပြောရမလား သံချေးတစ်ခါတက်ဘူးတဲ့ car တွေက Radirator ရေတိုင်ကီ ထဲကရေဖေါက်ပြီး
လဲရင်လဲ အကုန်မထွက်ပါဘူး coolant cleaning စက်နဲ့ ရေတိုင်ကီ ကိုဝင်တဲ့ ရာဘာပိုက် မှာဆက်ပြီး လှည့်မှ engine ထဲမှာရှိ တဲ့
သံချေးရေ တွေပါ ထွက်တာဘာ ကျွန်တော်သိသလောက်ရေးထားတာပါခင်ဗျာ car နဲ့ပတ်သက်တာ တခြားသိချင်တာရှိရင်လဲ
မေးပါ သိသလောက်ဖြေပေးပါမယ် ဆရာတော့ဟုတ်ဘူး ^^^^^^
|
 myolun
|
ko bucati ခင်ဗျားကဘာရေနဲ့ရောခိုင်းတာလဲ။မြန်မာစကားကမရှင်းဘူး။
|
 bucati8000
|
sorrie ပါ ဂျိုးဖြူ ရေကိုပြောတာပါ သ
|
 KoThetWin7
|
ကျေးဇူးတင်ပါတယ်၊ကိုသက်မင်းဇော်! ခုလိုဝိုင်းဝန်းဆွေးနွေးပေးလို့။
– ကျွန်တော်ကတော့ ဒီ, coolant ကို-1995 မှာ– ( visit myanmar year-1996- အတွက် ကားတွေသွင်းတုံးက)ခုလိုဘဲ ကားသစ်တွေလို့ဘဲဆိုပါတော့၊ 91mdl အနိမ့်ဆုံးJapan used ကားတွေကိုသွင်းတာနဲ့တချိန်တည်း၊တပြိုင်တည်းစတင်
စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီတုံးက ကားသစ်တွေမှာဒီဇယ်-ဗင်ကားတွေ၊ဆလွန်းကားတွေလည်းများခဲ့ပါတယ်၊
Auto Transmission {4.AT} လို့ခေါ်တဲ့အော်တိုဂီယာကားများလည်းများစွာရောက်ရှိလာကြပါတယ်။
အဲဒီမှာ coolant ဇာတ်လမ်းကစတော့တာပါဘဲ၊ အများစုက ကက/ ***** ဆိုတဲ့နံပါတ်ကို- duty free နဲ့သွင်းကြပြီး၊တကယ်ခိုင်းစားပါ
တယ်၊တကယ်အသုံးချကြပါတယ်။ဒီတော့ taxi ဆွဲဘို့အတွက်ကြိုတင်ပြင်ဆင်ရပါတယ်၊အဲဒီမှာ ကိုယ့်ဝပ်ရှော့၊ကိုယ့်စက်ဆရာများကိုစတင်
လာရောက်ပြသကြပြီးအကြံဥာဏ်ယူကြပါတယ်၊စက်ဆရာ ၁၀ ယောက်မှာ ၉ ယောက်လောက်က သာမိုစတက်ဖြုတ်ခြင်းကို စတင်ဆောင်
ရွက်ပါတော့တယ်၊တပြိုင်နက် coolant ကိုလည်း ဖေါက်ချပြီးရိုးရိုး ရေ များကိုလည်း လဲကြပါတယ်၊ ဒီဆေးရည်ဟာ မြန်မာပြည် နဲ့ မသင့်
တော်ဘူး၊ Heat တက်မယ်ပြောကြပါတယ်၊မကောင်းဘူးပေါ့ဗျာ! ရေနဲ့ဘဲပိုကောင်းတယ်ပေါ့ဗျာ၊Heat မတက်အောင် auto fan ကိုလည်း
စက်နိုးတာနဲ့အတူ၊အမြဲလည်အောင်လုပ်ပါတော့တယ်၊ရပ်ကွက်အဆင့် ၀ပ်ရှော့ရော၊ကားဝယ်ရောင်းတွေ သုံးနေတဲ့ နာမည်ကြီးဝပ်ရှော့
အားလုံးအထိ ဒီအတိုင်းတပြေးညီဆုံးဖြတ်လုပ်ကိုင်နေပေးတာကိုအံ့သြစွာတွေ့ခဲ့ရပါတယ်။
ကျွန်တော်ကားတွေကိုပြင်ပေးတဲ့ ၀ပ်ရှော့လည်း ထိုနည်း၎င်း ပါဘဲ။
– ကျွန်တော်ကတော့ အထက်ကဖေါ်ပြခဲ့တဲ့ကိစ္စတွေကို တခုမှမလုပ်ပါဘူး၊ မူရင်းအတိုင်းဘဲသုံးပြီးစမ်းသပ်ကြည့်ဘို့ဆုံးဖြတ်ခဲ့ပါတယ်။
ကက/ နံပါတ်နဲ့ သွင်းတဲ့ Toyota Corolla ’91 mdl TX grade Diesel ဆလွန်းကား၂စီးပါ။ အော်တိုဂီယာတစီး၊ရိုးရိုးဂီယာတစီးပါ၊
timing belt ကြိုးလဲခြင်း၊စတီးတာယာများကိုနိုင်လွန်တာယာများနဲ့လဲခြင်းတို့လောက်သာ ပြုလုပ်ခဲ့ ပြီး taxi အဖြစ် တကယ်ကို
အားမနာတမ်းခိုင်းပါတယ်။
ကားကိုတော့စနစ်တကျထိန်းသိမ်းပေးပါတယ်။ကီလိုမီတာမှတ်တမ်းကိုသေသေချာချာမှတ်ပါတယ်၊ဒီဇယ်သုံးစွဲမှုစာရင်းကိုလည်းပြုစုထား
ပါတယ်၊ အဲဒီတုံးက အစိုးရဆီဆိုင်က တလကို ဆီဂါလံ ၉၀ ရတာကိုမှတ်မိကြမှပါ၊ ကား၂စီးစလုံး၊တစီးကိုဆိုင်ဆီဂါလံ၉၀အကုန်မောင်းကြ
ပါတယ်၊ပျမ်းမျှ တလ ဂါလံ ၁၀၀ နီးပါးသုံးကြပါတယ်၊ဆီစားနှုန်းက ရိုးရိုးဂီယာကားက တဂါလံ ပျမ်းမျှ 60km အထက်၊အော်တိုဂီယာကတဂါ
လံ ပျမ်းမျှ50km အထက်ရကြပါတယ်၊ {1C -1800cc } အင်ဂျင်တွေပါ၊ အဲဒီ ကား၂စီးစလုံးတော်တော်ကြာကြာ အိုကေခဲ့ပါတယ်။
ဒီဇယ်ကားတွေရဲ့ထုံးစံအတိုင်း ဒီဇယ် fuel လိုင်းတွေဖြစ်တဲ့ အစိတ်အပိုင်းတွေစတင်ပျက်စီးမှုပဲလောက်ပဲကြုံခဲ့ပါတယ်၊ အင်ဂျင်သက်တမ်း
တော်တော်ခံတာကိုတွေ့ရှိရပါတယ်။ ၂စီးစလုံး coolant တွေလည်းသိသိသာသာမလျော့ခဲ့ပါဘူး၊ လျော့သွားတာကိုလည်း ရေသန့် ဆတူ
ရောထားတဲ့ coolant ပဲပြန်ဖြည့်ပေးပါတယ်၊၊ ဖြစ်ချင်တော့ – !!!!
အဲဒီကား၂စီးမှာ ရိုးရိုးဂီယာ ကားက ရေလည်အုံဘော စတင်အသံထွက်လာတော့ ဖြစ်တဲ့အစိတ်အပိုင်းကိုဘဲပြုင်ပြီးပြန်သုံးလိုက်ပါတယ်။
ကားပစ္စည်းတွေလည်းပေါနေပါပြီ။အင်ဂျင်တွေတောင်အလုံးလိုက်ရနေပါပြီ၊ရေလည်အုံကိုဂျပန်ကျအလုံးလိုက်လဲလိုက်ရမှာပါ၊မလဲလိုက်
ပါဘူး၊ ပြန်ထဲ့တဲ့ gasket ပါကင်ပြားကိုလည်းဝပ်ရှော့ကသပ်သပ်ယပ်ယပ်မလုပ်မိလိုက်တာလည်းပါတော့ ရေလည်အုံက ခဏခဏ ရေ
ပြန်ယို၊ခိုင်းစားတဲ့ကားဆိုတော့အချိန်မပေးနိုင်လို့ အမြန်ပြင်ပြန်ထွက်၊မသေချာမှုကြောင့်ရေခဏခဏယို၊ဒီတော့ coolant လည်းကုန်သ
လောက်ဖြစ်ပြီးရေနဲ့ဘဲ ဆက်ထည့်ပြီးအသက်ဆက်ရပါတော့တယ်။ ကြာတော့ရေလမ်းကြောင်းတလျှောက်လုံး ရေအားလုံးဖြစ်သွားပြီးရေ
ယိုနေကြနေရာတောင်ရေဂျိုးပိတ်သွားပြီး မယိုတော့ပါဘူး၊ထူးခြားတာက မသိမသာအင်ဂျင်စွမ်းအားလျော့နည်းလာတာကိုတွေ့ရပါတော့
တယ်။ သာမိုစတက်ကိုလည်းရေဂျိုးတွေပိတ်လာလို့ ရေလည်းကောင်းစွာမလည်နိုင်တော့လို့ဖြုတ်လိုက်ရပါတော့တယ်။
နောက်ပိုင်းမှာ အဲဒီကားက နံနက်စထွက်ထွက်ခြင်းဆိုအရင်လိုမောင်းလို့မကောင်းတော့ပါဘူး၊ အင်ဂျင်ဝိုင်မီးခိုးပြာလဲ့လဲ့စထွက်လာပြီး
နံနက်-စနှိုးနှိုးခြင်းဆိုအနှိုးထိုင်းလာပါတယ်၊နောက်ဆုံးလုံးဝနှိုးမရတော့လို့အင်ဂျင်ဖွင့်လိုက်ရပြီး၊ထုံးစံအတိုင်းအပေါ်ဖွင့်၊အောက်ဖွင့်၊ရိန်း
ပစ္စတင်လဲ၊ဘားပြန်အထိုင်ချပြုပြင်လိုက်ရပါတယ်၊coolant နဲ့လည်းပြန်မသုံးပါဘူး၊ရေနဲ့ဘဲပြန်သုံးပါတယ်၊ ၈-လလောက်ပဲခံပါတယ်။
အင်ဂျင်ပြန်ကျသွားပါတယ်။နံနက်ဆိုတွန်းနှိုးရင်နှိုး၊ ဒါမှမဟုတ် 24 V ဘက်ထရီထောက်ပြီးမှနှိုးနေရလို့ စိတ်ပျက်လာပြီး ဂျပန်ကျ 2C
အင်ဂျင်တလုံးဝယ်တင်လိုက်ရပါတော့တယ်။
ကျန်တဲ့အော်တိုဂီယာနဲ့ကားကတော့အင်ဂျင်နဲ့ပတ်သက်လို့ဒီဇယ်filter hand pump ဗူး၊ နော်ဇယ်၊ ပလန်ဂျာ၊တစုံဘဲလဲရပါသေးတယ်၊
အင်ဂျင်ဝိုင်တောင်သိသိသာသာမစားတာကိုတွေ့ရပါတယ်၊သိပ်လည်းဖြည့်မမောင်းရပါဘူး၊ နောက်ထပ် timing belt ကြိုးလဲတဲ့အထိ
လည်းအင်ဂျင်ကကောင်းနေတာကိုတွေ့ရပါတယ်၊ 1995-96 ကသွင်းတုန်းက ကက/ဆလွန်းကားကဗင်ထက် ၅ သောင်းသက်သာပါတယ်။
အော်တိုဂီယာက ရိုးရိုးဂီယာထက် ၅ သောင်းသက်သာပါတယ်။အဲဒီကား၂စီးစလုံးမှ ၁၁-သိန်းဘဲကုန်ကျခဲ့ပါတယ်၊ 1999-2000 လောက်မှာ ကားဈေးတွေရာဂဏန်းနားကပ်လာပါပြီ၊ အင်ဂျင်အသစ်တင်ပြီးနောက်သိသိသာသာမပျက်ခင်၊ဈေးကောင်းရလို့
အဲဒီကားကိုပေါက်ဈေးအတိုင်းဘဲရောင်းလိုက်ပါတယ်။
ကျန်တဲ့အော်တိုဂီယာ တစီးနဲ့ဘဲ run နေလိုက်ပါတယ်။ အော်တိုဂီယာကားများရဲ့ရေဒီရေတာ ( ရေတိုင်ကီ ) တွေဟာပိုမိုကောင်းမွန်
ကြောင်းလည်းထပ်မံသိရှိခဲ့ပါတယ်။ အော်တိုဂီယာကားများရဲ့ရေဒီရေတာ ( ရေတိုင်ကီ ) တွေဟာ အင်ဂျင်အေးစေဘို့ coolant ကိုလှည့်
ပတ်စီးဆင်းရုံမက အော်တိုဂီယာဝိုင် ဟု အများသိကြတဲ့ ATF {Auto Transmission Fluid } ကိုလည်းရေတိုင်ကီရဲ့အောက်ဆုံးအကန့်
ကလှည့်ပတ်စီးဆင်း ပေးရပါတယ်။ဒီလိုစီးဆင်းပေးရတာဟာ အကြောင်းမဲ့တော့မဟုတ်နိုင်ပါဘူး၊ATF {Auto Transmission Fluid } ကို
အေးစေဘို့လား? စီးဆင်းဖြတ်သန်းလို့လွယ်ကူသွက်လက်အောင်နွေး စေဘို့လားဆိုတာလည်းစဉ်းစားစရာအချက်တချက်ပါ။
ဒါတွေကိုပြောပြခွင့်ရတာက ကျွန်တော်က user တယောက်အနေနဲ့ တကယ်ကြာကြာသုံးလိုက်ရလို့ ရလိုက်တဲ့ အတွေ့အကြုံကောင်း
တခုဖြစ်တာရယ်၊၀ါသနာကြောင့်အာရုံစိုက်ထားမိတာရယ်၊မထင်မှတ်ဘဲကား၂စီးကိုနှိုင်းယှဉ်မိဖြစ်သွားခဲ့ရတဲ့အကြောင်းလေးတွေပါဘဲ။
ကားအမျိုးမျိုးကိုပြောင်းစီးနေတဲ့ဝယ်ရောင်းတယောက်ဆိုရင် ဒီအတွေ့အကြုံမျိုးကိုမရနိုင်ပါဘူး၊ဒီကိစ္စကသူတို့အတွက်လည်းဂရုထားစရာ
မဟုတ်ပါ၊
နောက်ဆုံးကောက်ချက်ချပေးရရင် coolant ဟာ ယခုကားသစ်များအတွက်ဆို ပိုလို့အရေးကြီးပါတယ်၊သူဟာ ကားအင်ဂျင်အတွက် မရှိမ
ဖြစ်လိုအပ်တဲ့အပူချိန်တခုကိုထိန်းထားပေးပါတယ်၊ရေလမ်းကြောင်းသန့်ရှင်းကောင်းမွန်အောင်ထိန်းသိမ်းပေးပါတယ်။ပေါင်းခံရေလိုရေ
သန့်တမျိုးလောက်နဲ့ဆတူရောသုံးရင်အဆင်ပြေပါတယ်။ coolant သန့်မှ ရေလမ်းကြောင်းထဲကအပူချိန်ထိန်းညှိပေးတဲ့ သာမိုစတက်
ဟာလည်းကောင်းမွန်စွာအလုပ်လုပ်ပေးနိုင်ပြီး အင်ဂျင်တလုံးကိုသက်တမ်းပြည့်သုံးစွဲနိုင်အောင်အထောက်အကူပေးနိုင်မည်ဖြစ်ပါကြောင်း
ကိုစေတနာအရင်းခံပြီး ကားကောင်းစီးမည့်သူများအတွက်လည်းထပ်မံနိုးဆော်ပေးလိုက်ပါတယ်။
မိမိတို့ကြုံတွေ့ကြတာလေးတွေကို ပြန်လည်တင်ပြဆွေးနွေးကြဘို့လည်းတိုက်တွန်းပါတယ်။
ိ
ိ
|
 Agera
|
Thanks so much for the sharing of your knowledge Ko ThetWin7
|
 KoThetWin7
|
I glad to see u. (Agera). If u like this u share your friends and your party.
|
 sirius
|
very informative ပါဗျို့။ ကျေးဇူး အထူးပါ။
brgds.minmin
|