၂၀၀၀ နောက်ပိုင်း ကားတိုင်းပါတဲ့ OBD II ဆိုတာ

HomeForumsGeneral Car Talk & News၂၀၀၀ နောက်ပိုင်း ကားတိုင်းပါတဲ့ OBD II ဆိုတာ

This topic has 20 voices, contains 28 replies, and was last updated by  pyaesoneaung 174 days ago.

Viewing 15 posts - 1 through 15 (of 29 total)
Author Posts
Author Posts
July 26, 2012 at 11:45 am #23917

pyaesoneaung

၂၀၀၀ နောက်ပိုင်း ကားတိုင်းပါတဲ့ OBD II port ဆိုတာပါလာပါတယ် အဲ့ဒီ port ကနေ ကားတဆင်း လုံးရဲ့အချက်တွေသိနိုင်တယ် ကား ဒိုင်ခွက် မှာ အင်ဂျင်ပုံ မီးလေးလင်းနေရင် အဲ့ဒါ check မီးလင်းတယ်ခေါ်ပါတယ် check မီးလင်းတာဟာ သင့်ကားရဲ့ စက်အစိတ်ပိုင်းတစ်ခု ပျက်နေပြီ (သို့) ကောင်းစွာအလုပ်မလုပ်တော့ဘူးလို့ကြေညာတာပါ ၊ ဒါကို OBD II Tester နဲ့တိုင်းပျက်နေတာကို ပြနေလိမ့်မယ် လဲပြီး OBD II Tester ကနေပဲ check မီးပိတ်လို့ရလိမ့်မယ် ၊ မီလင်းတာမသိပေမောင်းနေရင်တော့ sensor ကလုံးဝပြက်သွားရင် လုံးဝစက်နိုးမရတာ စက်နိုးလဲ မောင်းမရတာဖြစ်လာလိမ့်မယ် ကဲ computer မတက်တဲ့ ၀က်ရှော့မှာ ဟိုနိုက်ဒီနိုက်နဲ့ ပိုဆိုးသွားမယ်နော့

July 27, 2012 at 12:04 am #24138

KoThetWin7

OBD ရဲ့အရှည်စာလုံးသိချင်ပါသည်။ OBD Tester ရဲ့တန်ဘိုးလေးပါပြောပေးပါအုံး —-

July 27, 2012 at 12:08 am #24139

KoThetWin7

အဲဒီ ကိရိယာတွေ စမ်ချောင်းက AungTheinThan co. မှာရှိနှိုင်လား ?

July 27, 2012 at 12:23 am #24140

Than Htike Htay

On-Board Diagnostics (OBD)

July 27, 2012 at 12:27 am #24141

Than Htike Htay

http://www.alibaba.com/showroom/toyota-obd-tester-ii.html

July 27, 2012 at 12:31 am #24142

Than Htike Htay

FOB USD 230~280 / Unit

July 27, 2012 at 8:32 am #24181

pyaesoneaung

OBDII test လုပ်တာ လေ့လာရုံ တစ်ဦးသုံးရုံဆို laptop USB ရယ် android တွေကို Buletooth ကနေချိတ်တာရယ် လေးတွေ ဒီမှာတော့မရသေးဘူး 12~20 $ လောက်ပဲရှိတယ် http://www.amazon.com/ELM327-OBDII-CAN-BUS-Diagnostic-Scanner/dp/B005FEGP7I တကယ် လုပ်ငန်းသုံးတွေကတော့ 200$ ကနေ ထောင်ကျော်ထိရှိတယ် ။ ကျွန်တော်သုံးဘူးတဲ့ toyota On-Board Diagnostics tool ဆို ကားတစ်ဆင်းလုံးရဲ့ sensor တွေအပြင် အင်ဂျင် ပစ်စတင်တစ်လုံးစီရဲ့ injector pressure ကနေ အင်ဂျင် miss fire ဖြစ်မဖြစ်အထိတိုင်းလို့ရပါတယ်

July 28, 2012 at 4:57 pm #24359

zawzawwin678

thanks ko pyaesoneaung…..pls may i know the sell shop for . this product …or pls let me know ur phone number …..i want to know about for this ….thanks a lot…….

August 1, 2012 at 12:57 am #24945

burman

OBD နဲ့စစ်ပြီး ပျက်တဲ့အပိုင်းကိုလဲတော့၊ ဘယ်လိုလဲပါသလဲ။

August 1, 2012 at 4:18 pm #25071

pyaesoneaung

OBDII tester တွေက pro အဆင့်တွေက ကားcompany လိုက်ကထုတ်ပါတယ် ဈေးက ၅၀၀ $ ကျော် generalize တွေကအပေါ်ရံသာတိုင်း ရတာပါ မြန်မာမှာတော့ အသုံးနည်းလို့သွင်းတဲ့လူမရှိသေးတာပါ

August 1, 2012 at 4:37 pm #25081

KoThetWin7

OBD II pro; tester တွေကို အာရှတော်ဝင် ဆေရုံ ဘေးက Aung Thein Than Co. မှာသွားရောက်လေ့လာနှိုင်ပါတယ်။

August 3, 2012 at 1:52 pm #25412

game.niffle

service manual လေး သိချင်ပါတယ်… လမ်းညွှန်ပေးပါဦး…

August 27, 2012 at 10:11 pm #31690

drcar

ကျေးဇူးပြုပြီး ကျွန်တော် သိသမျှလေး မျှဝေပါရစေ
OBD ဆိုတာ On Board Diagnostic (ယာဉ်ပေါ်တွင်ပင်စစ်ဆေးသောကိရိယာပေါ့ဗျာ)။ သူစတင်ပေါ်ပေါက်လာတာက အမေရိကန်နိုင်ငံကပါ။ သူတို့နိုင်ငံမှာပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပေးနိုင်ဘို့ ကားတွေရဲ့ အေ့ဇောထုတ်လွှတ်မှုကို ထိန်းချုပ်ရင်းကနေ ပေါ်ပေါက်လာတဲ့စနစ်လေးပါ။ ကျွန်တော်ဖတ်ထားမိသလောက်သူတို့ဆီမှာ ၁၉၇၀ ပတ်ဝန်းကျင်လောက်ကနေ စနေပြီ။ အဲဒီတုန်းက သူတို့နိုင်ငံက ကညန မှာ လိုင်စင်ဝင်ရင် ကားရဲ့မီးခိုးထုတ်လွှတ်မှုကို တိုင်းတဲ့စက်တွေနဲ့တိုင်းခဲ့ကြတာပါ။ အေ့ဇောပိုက်မှာ စက်တွေတတ်ပြီး ကာဘွန်ဘယ်လောက်ပါတယ်။ နိုက်ထရိုဂျင်ဘယ်လောက်ပါတယ်ကနေစပြီး ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်ငွေ့တွေ ဓာတုပစည်းတွေ ရဲ့ ပါဝင်နုန်းကိုတိုင်းတာပြီး လျော့ကျအောင်ပြုလုပ်တဲ့ စနစ်ကနေစခဲ့တာပါ။ CARB သူ့အရှည်က တော့ ကာလီဖိုးနီးယားလေထုညစ်ညမ်းမှု လျော့ချတဲ့ ဥပဒေလို့ပြောတယ်။ အရှည်ကို သေချာစာပြန်ဖတ်ပြီးရှင်းပြပေးပါဦးမယ်။ ပထမတော့ တိုင်းတဲ့စနစ်က ကားအောက်ကနေတိုင်းကျတယ်။ နောက်တော့ ကားမှာ အိပ်ဇော ဓာတ်ငွေ့လျော့ချမယ့် စနစ်တွေတတ်လို့မရနိုင်ဘူးလားဆိုပြီး စဉ်းစားရာကနေ ကားမှာ အိပ်ဇောထုတ်လွှတ်မှုသက်သာစေမဲ့ စနစ်တွေတပ်ကျတယ်။ အရင်တုန်းက ကာဗရိုက်တာ စနစ်ကနေ အီးအက်ဖ်အိုင် စနစ်ကိုစပြောင်းကျတာပါ။ ပထမဆုံးစနစ်ကို OBD I လို့ ခေါ်ပါတယ်။ ကားမှာ ပတ်ဝန်းကျင်ကို ဒုတ်ခပေးမဲ့ မီးခိုးတွေကို လျော့ချနိုင်ဘို့ Theoretical A/F ratio ဖြစ်တဲ့ ၁၄.၇း ၁ ရရင် အကုန်လုံးမီးလောင်ကျွမ်းတယ် (Complete Combustion) ဖြစ်တယ်၊ ဒါဆိုရင် ပတ်ဝန်းကျင်ကို ဒုတ်ခမဖြစ်စေဘူးဆိုပြီး ဆီလေအချိုးမျှပြီး ကွန်ပျူတာ ထိန်းချုပ်စနစ်တွေတတ်ကြတယ်။ အဲဒီမှာ ဆီလေပမာဏမညီရင် သို့မဟုတ် ပတ်ဝန်းကျင်ကို ဒုတ်ခဖြစ်စေပြီဆိုရင် အင်ဂျင်တုံးလေးပုံပြဆိုပြီး စခဲ့ကြတယ်။ Technology Terms ကတော့ CEL (Check Engine Light) အင်ဂျင်ကိုပြန်စစ်ပါဆိုတဲ့ )မီးလေးပေါ့။ အဲဒီမီးလေးပေါ်ရင် သူဘာကြောင့်ပေါ်တယ်ဆိုတဲ့ အဖြေကိုသိဘို့ စမ်းတဲ့စက်ကလေးနဲ့ အပြစ်ရှာတာပေါ့။ ဒါနဲ့ OBD ဆိုတာကြို ပန်သွားရင် သူမှာ OBD I and OBD II ဆိုပြီးရှိတယ်။ OBD I ဆိုတာပေါ်တဲ့အချိန်မှာ ကားထုတ်တဲ့ Company တွေမှာ စံသတ်မှတ်ချက်မရှိသေးဘူး။ သူ့Code နဲ့ သူပဲ။ Toyota Code နဲ့ Honda Code မတူဘူး။ Tester တွေနဲ့ ကားနဲ့ ချိတ်တဲ့ Connector တွေကလည်းအမျိုးအမျိုးပဲ။ တိုယိုတာမှာဆိုရင် အဲဒီအချိန်က ၂၂ ပင်ခေါင်းနဲ့ ၁၇ ပင်ခေါင်းနဲ့ ဆိုပြီးအမျိုးမျိုးလာတယ်။ သူတို့တွေက များသောအားဖြင့် အင်ဂျင်ခန်းမှာရှိတယ်။ ဒါတွေနောက်ပိုင်းဆက်ရှင်းပါမယ်။ OBD I ကနေ OBD II ကို ပြောင်းလာတာ တိတိကျကျဆိုရင် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာပါ။ ဥရောပထုတ် အဲဒီအချိန်က ကားတွေမှာ OBD II Standard ကို လုံးဝနီးပါးလိုက်နာနေကြပေမဲ့ အာရှကားတွေမှာ လိုက်နာမှုမရှိသေးပါဘူး။ ဒါကြောင့် ရွှေငါးတို့ Harrier တို့မှာ Tester နဲ့ အပြည့်အ၀၀င်ပြီးစမ်းလို့ မရတာဖြစ်ပါတယ်။ OBD II ဖြစ်တဲ့ အချိန်မှာ Tester နဲ့ ကားနဲ့ချိတ်ဘို့အတွက် Connector ခေါင်းက တကဘာလုံးနီးပါး Standard ဖြစ်လို့နေပါပြီ။ သူကတော့ OBD II Connector လို့ ခေါ်နေကြတဲ့ (၁၆) ပင်ခေါင်းဖြစ်ပါတယ်။ ဥပမာ တိုယိုတာမှာဆိုရင် (၂၂) နဲ့ (၁၇) ပင်ခေါင်းကို DLC 1 DLC 2 လို့ခေါ်ပြီးတော့ (၁၆)ပင်ခေါင်း OBD II Connector ကို DLC 3 လို့ခေါ်ပါတယ်။ DLC ဆိုတာ Diagnostic Link Connector ကို ခေါ်တာပါ။ အဲဒီခေါင်းကားမှာ တည်ရှိတဲ့နေရာကတော့ Steering ရဲ့ အောက် Break Pedal ရဲ့ အထက်ပဲဖြစ်ပါတယ်။ အရင်တုန်းကတော့ ကားတွေကို စမ်းသပ်ရင် အင်ဂျင်တစ်ခုပဲစမ်းလို့ရခဲ့တယ်။ နောက်ပိုင်းတော့ ကားတစ်စီးလုံးစမ်းလို့ရနေပြီ။ မီးလုံးကနေ တာယာလေပေါင်ချိန်ကအစ မှန်တင်မှန်ချအဆုံးစမ်းလို့ရနေပြီ။ အရင်က ECU or ECM (Engine Control Unit or Module) က အင်ဂျင်အတွက် တစ်ခုပဲပါပေမဲ့ အခုနောက်ပိုင်း စနစ်တွေမှာတော့ Control Unit တွေက အလုံး ၄၀ ၊ ၅၀ ပါလာနေပါပြီ။ control Unit တွေကိုတော့ CAN ( Controller Area Network ) ဆိုတဲ့ စနစ်နဲ့ ချိတ်ဆက်ထားပြီး အဲဒါတွေကို စုပေါင်းပြီး CGW (Central Gate Way) ဆိုတာ ဗဟိုပြုထိန်းချုပ်ထားပါကြောင်းတင်ပြလိုက်ပါတယ် ။ နောက်ပိုင်းမှာလည်း ကား စမ်းသပ်တဲ့စနစ်တွေကို ဆက်လက်ရေးသားပါမယ်။ ကားစမ်းတဲ့ စက်တစ်လုံးရှိရုံနဲ့တော့ ကားပြင်လို့မရသေးပါဘူး။ Theory ပိုင်းမပါရင် အလွန် အန်တရယ် ကြီးပါတယ်လို့ ပဏာမ ရေးသားလိုက်ရပါတယ်။

September 1, 2012 at 10:39 pm #32949

mm.thuya

Blue tooth OBD II Scanner လေးတွေကို China Website တွေမှာ ၁၅ ဒေါ်လာလောက်နဲ့ဝယ်လို့ရပါတယ်၊ ကျွန်တော်တောင် ၀ယ်မလို့ပါ။ ပြီးယင် Notebook နဲ့ သူမှာပါတယ် Software ကို Run ပြီးကြည့်လို့ရပါတယ်၊ ဆော့လို့တော့ ကောင်းမယ့်ပုံပါ။

http://www.aliexpress.com/product-gs/458815786-ELM327-Bluetooth-OBDII-V1-5-CAN-BUS-Diagnostic-Interface-Scanner-obd-2-Elm-327-Bluetooth-Car-wholesalers.html

အဲ့ဒီ ပစ္စည်းလေးတွေ နဲ့ တွဲသုံးဖို့ Android ရဲ့ Torque Pro ဆိုတဲ့ Application လည်းရှိပါတယ် Android Market ကနေ Download လုပ်ရမယ့် Paid Application ဖြစ်ပါတယ်။

September 2, 2012 at 12:04 pm #33080

kominmin3

OBD code တွေနဲ ဘယ် Code က ဘာကိုညွန်းတယ်ဆိုတာတွေကို သေသေချာချာရှင်းပြထားတဲ. Web site link လေးပါ။
အသုံးတည်.မယ်လို.ထင်ပါတယ်။
http://engine-codes.com/make/toyota

Viewing 15 posts - 1 through 15 (of 29 total)

You must be logged in to reply to this topic.